1. Home
  2. Movie Stars - Celebrity

အဆိုတော်ရသ မူးယစ်ဆေးဝါးများနဲ့အတူ မန္တလေးတွေင် ဖမ်းဆီးခံရ

Movie Stars - Celebrity ส.ค. 15, 2561 view 1,811

လူငယ်ကြိုက်အဆိုတော် တစ်ဦးဖြစ်သည့် “ရသ” နှင့် အပေါင်းအပါ ၂ ဦးကို သြဂုတ်လ ၁၄ ရက်နေ့က မန္တလေးမြို့ရှိ ဧည့်ရိပ်သာတစ်ခုတွင် မူးဆေးဝါးများနဲ့အတူ ဖမ်းဆီရမိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊၄၉ x ၅၀ လမ်းကြားရှိ "နန်းထိုက်ပန်”ဧည့်ရိပ်မွန်တွင် မူးယစ်ဆေးဝါးသတင်းအရ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု(မန္တလေး)တောင်ပိုင်းမှ ရဲအုပ်လင်းထွန်း ဦးစီးအဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စုမှူးရုံး၏ မူးယစ်ဆေးဝါးနှင့် နေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ်(၉၂/၂၀၁၈)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(၂၀၃/၂၀၅)တွင် ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ)ဗာတားမီးတို့ ၃ ဦးအားတွေ့ရှိပြီး ဆက်လက်ရှာဖွေခဲ့ရာ အိပ်ရာကုတင်ဘေး စားပွဲခုံငယ်ပေါ်မှ အဝါရောင်နှင့် အနီရောင် အအေးစုပ်ပိုက်တစ်ချောင်းလျှင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၉၅ ပြား၊ အလေးချိန်၊ ၉.၅ ဂရမ်ခန့်၊ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ် ၁ ထုပ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေး ပြား ၂၀၀ ပြားပါ ၇ ထုပ်နှင့် ၁၆၀ ပြားပါ ၁ ထုပ်၊ ပေါင်း ၁၅၆၀ ပြား၊ အလေးချိန်၊ ၁၅၆ ဂရမ်ခန့်၊ စုစုပေါင်းဆေးပြား ၁၆၅၅ ပြား၊ စုစုပေါင်းအလေးချိန်၊ ၁၆၅.၅ ဂရမ်ခန့်၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ်(၁ပြားလျှင် ၃၀၀၀ ကျပ်နှုန်း)တို့အား ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ရဲမင်းသိန်း(ခ)ရသ ၃၅ နှစ်၊ အဆိုတော်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မျိုးတင့် ၂၆ နှစ်၊ ရွာသာကြီး(၁၄၀)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်နှင့် မခေမီ(ခ)ဗျာတားမီး ၂၀ နှစ်၊ အဆိုတော်၊ ထွန်တုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူပေးပါရန် အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု(မန္တလေး)တောင်ပိုင်းမှ လ-၂၀၄၁၁၆ ရဲအုပ် လင်းထွန်းမှ ၂၁၀၀ နာရီတွင် အောင်ပင်လယ်ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ)၁၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ-၁၉ (က)/၂၁ ဖြင့် အမှုဖွင့်လှစ်ပြီး လ-၁၉၀၈၉၅ ဒုရဲအုပ် ဝင်းပိုင်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
(၃) တရားခံများအား စစ်ဆေးမေးမြန်းခဲ့ရာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ကျောက်မဲမြို့နေ သားကြီးထံမှ ၁ ထုပ်လျှင် ၈၀၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရန်နှင့် သုံးစွဲရန်အတွက် ဝယ်ယူခဲ့သော ဆေးပြားများဖြစ်ကြောင်း သိရှိရသည်။

Source - NewsWatch

 



Follow us on