1. Home
  2. Myanmar News

ဇနီးဟောင်းနှင့်ပြန်လည်ပေါင်းသင်းနေသည်ဟု သံသယဝင်ပြီး လင်ဖြစ်သူအားဓားဖြင့်ထိုး

Myanmar News ส.ค. 15, 2561 view 1,458
သြဂုတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် အိပ်ပျော်နေသော ခင်ပွန်းအမျိုးသားအား ဇနီးဖြစ်သူမှ ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့တွင် ယခင်က မိန်းမရှိခဲ့ဖူးသည့် ခင်ပွန်းအမျိုသားအား ဇနီးယောင်းနှင့် ပြန်လည်ပေါင်းသင်းနေသည်ဟု သံသယဝင်ပြီး အိပ်ပျော်နေသောခင်ပွန်းကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။ 
 
အထက်မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ်ကွက်တွင် နေထိုင်သူ လှိုင်မျိုးသူ(ခ)လှိုင်ကြီး(၃၂)နှစ်သည် တောင်ရပ်ကွက် အမှတ်(၃)ရှိ အကိုဖြစ်သူ ဦးထွန်းမင်းလတ်၏ နေအိမ် ရှေ့တွင် အိပ်ပျော်နေခိုက်၎င်း၏ လက်ရှိပေါင်း သင်းနေသည့် ဇနီးမှ ဓားဖြင့်ထိုးခြင်းကို ခံခဲ့ရခြင်းဖြစ် သည်။ ညီဖြစ်သူ၏ ဇနီးမှ “လှိုင်ကြီး” ဟု ခေါ်သံကြားခဲ့ရပြီး လှိုင်ကြီးမှ “အစ်ကို ငါ့ကို ရွှေဇင်ဓားနဲ့ထိုးတယ်” ဟု ပြောသဖြင့် အစ်ကိုဖြစ်သူ ဦးထွန်းမင်းလတ်မှ သွားရောက်ကြည့်ရှုခဲ့ရာ ၀မ်းဗိုက်တွင် ၂လက်မခန့် ထိုးသွင်း ဒဏ်ရာဖြင့် တွေ့ရှိခဲ့ပြီး ဓားဖြင့်ထိုးသူ ရွှေဇင်မှ ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့သည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေဇင် ( ၂၉ ) နှစ်ကို ရဲစခန်းမှ အမှတ် (ပ) ၉၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် အရေးယူပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။


Follow us on