1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေကို စကားပုံလေးတစ်ခုသင်ပေးလိုက်တဲ့ အိမ့်ချစ်

Movie Stars - Celebrity ส.ค. 15, 2561 view 1,551

အဆိုတော် အိမ့်ချစ်ဆိုရင် လူကြီးလူငယ်မရွေး မသိသူမရှိသလောက် နာမည်ကျော်ကြားတဲ့ ညိုချောအဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အနုပညာတွေကို ပရိသတ်တွေကို အကောင်းဆုံးချပြနိုင်သူဖြစ်ပြီး ဖြူစင်ပွင့်လင်းတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

အိမ့်ချစ်ဟာ မကြာခင်ရက်ပိုင်းလောက်က ရွှေမှုန်ရတီရဲ့ပို့စ်တစ်ခုအောက်မှာ ကွန့်မန့်ဝင်ပေးခဲ့ရာမှ ပရိသတ်တစ်ချို့ရဲ့ ဝေဖန်ပြောဆိုမှုတွေကို ခံနေရတာဖြစ်ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီးဝေဖန်သူတွေကိုတော့ ဘာမှပြောကြားခဲ့ခြင်းမရှိပေမယ့် သူမရဲ့ပရိသတ်တွေကိုတော့ စကားပုံလေးတစ်ခုသင်ပေးလိုက်ပါတယ်။

“စကားပုံတစ်ခုထပ်သင်ပေးမယ်..!! အရင်ကတော့...
'အစားမတော်တစ်လုပ်' 'အသွားမတော်တစ်လှမ်း' ဒါပဲရှိခဲ့တာ ခုတော့...

'အမန့်မတော်တစ်ကြောင်း' တဲ့မှတ်ထားကြခေးတို့ရေ..” ဆိုပြီး သူမရဲ့ပရိသတ်တွေကို သူမလို ကွန့်မန်လေးတစ်ကြောင်းကြောင့် ဝေဖန်မှုတွေ မခံရအောင် စကားပုံလေးနဲ့ပြောပြလိုက်တာဖြစ်ပါတယ်။ ပရသိတ်ကြီးလည်း အိမ့်ချစ်ပြောတဲ့ စကားပုံလေးကိုမှတ်ထားလိုက်ကြဦးနော်....

 



Follow us on