1. Home
  2. Movie Stars - Celebrity

အရမ်းဆိုးခဲ့ပေမယ့် ဘယ်သူအပေါ်မှမယုတ်မာခဲ့ဖူးဘူးဆိုတဲ့ ဖြိုးမြတ်အောင်

Movie Stars - Celebrity ส.ค. 15, 2561 view 1,495

မြန်မာနိုင်ငံမှာအအောင်မြင်ဆုံး သီချင်းဆိုပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season 3 winner ဖြစ်သူ ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို အများဆုံးရရှိခဲ့ပြီး ထိုက်တန်တဲ့ winner ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ဂီတကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အများကအတုယူထိုက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ မြန်မာအိုင်ဒေါကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလဲ အတုယူထိုက်သူတစ်ယောက်ဖြစ်အောင် မကောင်းတဲ့အကျင့်တွေကို ပြောင်းလဲရင်းကြိုးစားနေတယ်လို့သိရပါတယ်။အရင်တုန်းက အရမ်းဆိုးတဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူများအပေါ်မှာတော့ မယုတ်မာခဲ့ဖူးဘူးဆိုပြီး မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“တစ်နေ့အနုပညာဂီတလမ်းကြောင်းကို လျှောက်တဲ့အခါ ကိုယ့်ကိုကြည့်ပြီး နောက်တက်လာမယ့်သူတွေက လေးစားအားကျရပြီး အတုယူထိုက်တဲ့သူဖြစ်အောင်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ပြောင်းလဲလိုက်တာပါ။ ပြောင်းလဲတယ်ဆိုတော့ အရင်ကအရမ်းဆိုးလားဆိုတော့ ကျွန်တော်အရမ်းကိုဆိုးခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်သူ့အပေါ်မှတော့ မယုတ်မာခဲ့ဖူးပါဘူး။ ယောကျာ်းလေးဆိုတော့ နဲနဲတော့ဆိုးတာပေါ့” ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

သူပြောင်းလဲခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း “အရင်ကဆို ဒေါသအရမ်းထွက်တတ်တယ်၊ ကျွန်တော့်ကို ကြာကြာကြည့်ရင်တောင် မကြိုက်ဘူး၊ လုံးဝသည်းမခံနိုင်တဲ့လူတစ်ယောက်ပါ။ အခုကတော့ ကြည့်ရုံမက ဘာပဲလုပ်လုပ် သည်းခံနိုင်ပါပြီ။ သူများကို ဒေါသထွက်တာ ကိုယ်ပဲပူလောင်ပြီး ကိုယ်ခံရတာဖြစ်လို့ စိတ်မဆိုးပဲ အားလုံးကိုသည်းခံပေးလိုက်တယ်” ဆိုပြီး သူပြောင်းလဲလိုက်နိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီုး ပြောပြခဲ့တာဖြစ်ပါတယ်။

 

ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ဒီနေ့မှာပဲ သူရဲ့မွေးရပ်မြေကိုခဏတာ ပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။  winner ဆုရရှိပြီးတဲ့နောက်မှာတော့ မွေးရပ်မြေမှာ ဘုရားထီးတင်ပွဲပြုလုပ်မှာဖြစ်ပြီး ရှိုးပွဲကြီးတစ်ခုလည်း ပြုလုပ်သွားမယ်လို့သိရပါတယ်။ ရှေ့ဆက်အနုပညာအလုပ်တွေလုပ်သွားမယ့် ဖြိုးမြတ်အောင်ကို ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ကြပါဦးနော်…

 

Source_Myanmar Celebrity

 

 



Follow us on