
သမ္မတဟောင်းဦးသိန်းစိန် အပါအဝင် ၁၆ ဦးတို့ သရက်ဇုံအဖြစ် လျှောက်ယူထားသော ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၀/၃ ရှိ မြေလွတ် မြေလတ် မြေရိုင်းများ စည်းကမ်းချက်လိုက်နာမှုရှိမရှိ အထူးအဖွဲ့နေပြည်တော်မှ ကွင်းဆင်းစစ်ဆေးနေကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့(ဥတ္တရခရိုင်) မှ ဖော်ပြထားသော သတင်းအရ သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရန်ကုန်/မန်း အမြန်လမ်း မိုင်တိုင် ၂၁၀/၃ ရှိ သမ္မတဟောင်းဦးသိန်းစိန် အပါအဝင်(၁၆)ဦးမှ သစ်တောမှ ပယ်ဖျက်ပြီး သရက်ဇုံ လျှောက်ယူသောမြေနေရာများအား သတ်မှတ်ထားသော လုပ်ငန်းပါစည်းကမ်းများအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ မြေလွတ်မြေလပ်မြေရိုင်း အထူးအဖွဲ့ နေပြည်တော်မှကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါအဖွဲ့တွင် မန္တလေးတိုင်းဒေသကြီး အမှတ်(၉) မဲဆန္ဒနယ် အမျိးသားလွတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ နှင့် ပါဝင်ဖွဲ့စည်းထားသော ဌာနအလိုက် ဦးစီးများ ပါဝင်ပါသည်။
၎င်းသရက်ဇုံများသည် သစ်တောဦးစီးဌာနမှ ပယ်ဖျက်ပြီး ရယူထားကာ သရက်ဇုံမှ စက်မှုသီးနှံဂရမ်များ ရယူထားပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါမြေများထဲတွင် မူလတောင်သူ(၁၉၆)ဦး၏ မြေများပါဝင်ရာက တင်ပြစာများအစပြုပြီး စိစစ်ရန် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယခုစီစစ်ခြင်းသည် ကနဦးစစ်ဆေးခြင်းဖြစ်ကာ
သြဂုတ်လ ၂၀ ရက်နေ့တွင် အသေးစိတ် ကွင်းဆင်းစိစစ်မည်ဖြစ်ကြောင်း သိရသည်။
Source - အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့(ဥတ္တရခရိုင်)
comment