1. Home
  2. Movie Stars - Celebrity

ဘောလိဝုဒ်မင်းသမီးဖြစ်ချင်တယ်ဆိုတဲ့ မြန်မာနိုင်ငံဖွား မန္တလေးသူလေး Ashwarya Kumar

Movie Stars - Celebrity ส.ค. 17, 2561 view 2,026

ဘောလိဝုဒ်မင်းသမီးလေးနဲ့တူလွန်ပြီး နိုင်ငံခြားဆန်တဲ့ရုပ်ရည်လေးနဲ့ မြန်မာဝတ်စုံကို လှပစွာဝတ်ဆင်ထားတဲ့ ပုံလေးတွေကြောင့် အွန်လိုင်းပရိသတ်တွေကြား လူသိများလာတဲ့ Ashwarya Kumar ကတော့ အိန္ဒိယသွေးတစ်ဝက်ပါတဲ့ မြန်မာနိုင်ငံမှာမွေးဖွားတဲ့ မန္တလေးသူလေးဖြစ်ပါတယ်။ သူမရဲ့မြန်မာနာမည်ကတော့ အိအိနြေ္ဒကျော်ဖြစ်ပြီး အမေရိကန်မှာနေထိုင်ကာ Runway မော်ဒယ်အဖြစ် ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ နွေရာသီကျောင်းပိတ်ရက်မှာ အဖိုးအဘွားတွေနဲ့နေဖို့ မြန်မာနိုင်ငံကိုပြန်လာလေ့ရှိတယ်လို့သိရပါတယ်။

Ash ဟာ သြဂုတ်လ ၁၆ ရက်နေ့က အသက် (၂၀)နှစ်ပြည့်သွားပြီဖြစ်ပြီး မြန်မာဝတ်စုံလေးတွေကို အရမ်းကိုသဘောကျနှစ်ခြိုက်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ငါးပိရည်ကိုလည်း ကြိုက်ပါတယ်ဆိုပြီး မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာဖြေဆိုထားတာဖြစ်ပါတယ်။

“မန္တလေးမှာအကြိုက်ဆုံးဆို ရာသီဥတုလေးကိုအရမ်းကြိုက်ပါတယ်။ ပူတာလေးကိုကြိုက်တယ်။ အမေရိကားမှာကျ သိပ်မပူဘူး။ ဆိုင်ကယ်စီးရတာတော့ အရမ်းကြောက်တယ်။ ကျုံးဖက်လည်တာ၊ ဘုရားဖူးတာတို့တော့ ကြိုက်တယ်။ မန္တလေးက အစားအစာတွေအရမ်းကောင်းတယ်။ မြန်မာအစားအစာထဲမှာဆို ငါးပိရည်ကိုကြိုက်တယ်။ ငါးဖယ်ဟင်းနဲ့ ကြက်သားကြော်ကိုလဲကြိုက်တယ်” ဆိုပြီး သူမနှစ်သက်တာတွေကို ပြောပြခဲ့ပါတယ်။

သူမမြန်မာဝတ်စုံလေးတွေကိုကြိုက်နှစ်သက်ရတဲ့ အကြောင်းကတော့ မြန်မာဝတ်စုံလေးတွေက ခန္တကိုယ်အလှကို ပိုပေါ်လွင်စေတာကြောင့် နေ့တိုင်းဝတ်ချင်လောက်အောင် မြတ်နိုးပါတယ်လို့ဆိုပါတယ်။ သူမရဲ့ အိပ်မက်စိတ်ကူးကတော့ ဘောလိဝုဒ်ကမင်းသမီးလေးတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး ဘောလိဝုဒ်မှာဆို Priyanka Chopra ကိုအကြိုက်ဆုံးလို့ဆိုပါတယ်။ သူမကို ဘောလိဝုဒ်မင်းသမီးနဲ့တူတယ် ပြောကြတဲ့အတွက်လည်း သူမအိပ်မက်တွေအတွက် အထောက်အကူဖြစ်လို့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်လို့ ဆိုထားပါတယ်။

အမေရိကန်မှာ မော်ဒယ်အဖြစ်ရပ်တည်နေတဲ့ သူမက မြန်မာနိုင်ငံမှာလည်း အနုပညာလောကထဲ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ သူမဟာ သားငယ်ရဲ့ “လမ်းကလေး”သီချင်းအတွက် သရုပ်ဆောင် နေဒွေးနဲ့အတူ MTV ရိုက်ကူးထားတယ်လို့လဲသိရပါတယ်။ BollyWood မင်းသမီးလေးလိုလှတဲ့ Ashwarya Kumar လေးကိုချစ်ရင် သူမရဲ့အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ကြပါဦးနော်....

 

Source_Myanmar Celebrity

 



Follow us on