1. Home
  2. Special or Others

“ဘီဘင်ကာ”မုန်တိုင်း မြန်မာနိုင်ငံသို့ မနက်ဖြန်ရောက်ရှိနိုင်ကြောင်းခန့်မှန်း

Special or Others ส.ค. 17, 2561 view 2,005

အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်တဲ့ “ဘီဘင်ကာ” ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ဖြည်းဖြည်းခြင်း ဖြတ်ကျော်ရွေ့လျားနေပြီး စနေနေ့(မနက်ဖန်)မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ မြန်မာနိုင်ငံ ကယားပြည်နယ်ရှိ နယ်စပ်မြို့လေးများထိ ဝင်ရောက်လာဖွယ်ရှိကြောင်း နိုင်ငံတစ်ကာမိုးလေဝသ သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ဘီဘင်ကာ” မုန်တိုင်းဟာ “ရမ်ဘီးယား” ကဲ့သို့ပင် ကြောက်စရာကောင်းပြီး အရှေ့တောင်ပိုင်း အာရှ ဒေသတဝိုက်မှာ ရေကြီးခြင်း၊ ရွံနွံတောကြီးများ ဖြစ်ပေါ်ခြင်း အန္တရာယ်များ ကျရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

“ဘီဘင်ကာ”ကြောင့် သောကြာနေ့ နံနက်ပိုင်းမှာ မြေပြိုကျခြင်းများ ဖြစ်ပေါ်ပြီး မုန်တိုင်းအင်အား လျော့နည်းသွားပေမယ့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့က မုန်တိုင်းနဲ့အတူ ပါလာပါလိမ့်မယ်။ မိုးရေချိန် ၄ လက္မကနေ ၈ လက္မထိ လာအိုနိုင်ငံ မြောက်ပိုင်းကနေ ထိုင်းနိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်လာတဲ့ “ဘီဘင်ကာ” ဟာ  စနေနေ့မှာတော့ မြန်မာနိုင်ငံကိုပါ ဝင်ရောက်လာနိုင်ချေရှိနေပါတယ်။ AccuWeather မိုးလေဝသဝဘ်ဆိုက်ရဲ့ ပညာရှင် ဘရိုင်ယန်သော်မစန် ရဲ့ ခန့်မှန်းချက်အရ မိုးရေချိန် ၁၄ လက္မလောက်ထိ အမြင့်ဆုံးရှိနိုင်ပြီး ရေးကြီးမှုအန္တရာယ်ကြုံနိုင်တယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် ရွံနွံတောကြီးတွေဖြစ်ပေါ်လာပြီး သက်ရှိသတ္တဝါတွေနဲ့ နေအိမ်အဆောက်အဦတွေပါ ထိခိုက်နိုင်ပြီး လမ်းပျက်ဆီးမှုတွေ လမ်းပန်းဆက်သွယ်ရေးပျက်ဆောက်မှုတွေ ရှိနိုင်ကြောင်း သတိပေးထားပါတယ်။ အဲဒီဒေသတွေထဲမှာ ထိုင်းနိုင်ငံ ချိုင်းရိုင်ဒေသလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ဘီဘင်ကာ” မြန်မာနိုင်ငံတွင်းကို ဝင်လာရင် ဦးစွာရင်ဆိုင်ရမယ့် နယ်စပ်မြို့လေးများက မယ်ဆဲ့၊ မိုင်းမော၊ ဟိုမင်း၊ ပေရုပ် အစရှိတဲ့ မြို့လေးများဖြစ်ပါတယ်။
 



Follow us on