1. Home
  2. Myanmar News

မန္တလေး မဟာမြတ်မုနိဘဏ္ဍာတိုက် ဖောက်ထွင်းသူ ဖမ်းဆီးရမိ

Myanmar News ส.ค. 20, 2561 view 1,725

သြဂုတ်လ ၁၈ ရက်နေ့က ညက မန္တလေးမြို့ရှိ မဟာမြန်မုနိဘုရား ဘဏ္ဍာပစ္စည်းများ သိမ်းဆည်းထားရာအခန်း ဖောက်ထွင်းခံခဲ့ရပြီး ကျပ်သိန်း ၃၀ ကျော်ခိုးယူခံခဲ့ရကာ တရားခံကို သြဂုတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၈ ရက်နေ့က မဟာမြတ်မုနိဘုရားကြီ:ရှေ့တွင်ရှိသော အလှူခံပုံးထဲတွင် အလှူငွေများ ပြည့်နေသဖြင့် အဆိုပါအလှူခံသေတ္တာကို ဂေါပကရုံးခန်း၏ အတွင်းခန်းတွင် သော့ခတ်ကာ သိမ်းဆည်းခဲ့သည်။
နောက်တစ်နေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် အလှူငွေများကို ရေတွက်ရန် သွားရောက်ထုတ်ယူခဲ့ရာ သေတ္တာမှန်ကွဲနေပြီး အလှူငွေများ ပျောက်ဆုံးနေခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ရဲအဖွဲ့နဲ့ မဟာမြတ်မုနိဘုရားရှိ ဝန်ထမ်းများ ပူးပေါင်းစုံစမ်းစိစစ်ခဲ့ရာ ခိုးမှုကျူးလွန်ခဲ့သူမှာ ဘုရားကြီ၏ ဝန်ထမ်းတစ်ဦးဖြသ်ပြီး ထူးဆန်းစွာဖြင့် အလှူငွေများကို ခိုးယူခဲ့ပြီးနောက် ၎င်းစီးနင်းလာသော မော်တော်ဆိုင်ကယ်မှာ စက်လုံးဝနှိုးမရဖြစ်နေသဖြင့် အချိန်အတော်ကြာ စက်နှိုးနေရသည်ကို မြင်တွေ့ရခြင်း နောက်ဆုံးမှာ ဖြည်းဖြည်းသာထွက်ခွာနိုင်ခဲ့သဖြင့် ဆိုင်ကယ်ပေါ်တွင် တင်ဆောင်ခဲ့သော ငွေအိတ်များကို ထင်ရှားစွာ သက်သေမြင်တွေ့ခဲ့ရသဖြင့် ချက်ခြင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၅၉လမ်း၊ နှင်းဆီလမ်းနှင့် မ​နော်​ဟရီလမ်းကြား၊ ကံသာယာမြို့သစ်​​နေ တရားခံ ​ကျော်​​ဇေယျ (၂၂)နှစ်​ကို ​ငွေ ၃,၆၉၄,၈၀၀ နိုင်​ငံခြား​ငွေများ ၊ ​ရွှေဆိုင်း ၂၅ ဆိုင်း သက်​​သေခံပစ္စည်းများနဲ့အတူ ချမ်းမြသာစည်​မြို့နယ်​၊ မြို့မရဲစခန်းမှာ အ​ရေးယူ​​ဆောင်​ရွက်လျှက်​ရှိကြောင်း သိရှိရသည်။
 



Follow us on