1. Home
  2. Myanmar News

၆ နှစ်သမီးအား အိမ်အလည်လာသူ ဧည့်သည်မှ အဓ္ဓမပြုကျင့်မှု ဖြစ်ပွား

Myanmar News ส.ค. 20, 2561 view 1,613

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အသက် ၆ နှစ်နှင့် ၁၀ လအရွယ် မိန်းကလေးတစ်ဦးအား နေအိမ်သို့ အလည်လာရောက်သူ အမျိုးသားတစ်ဦးက အဓ္ဓမပြုကျင့်သော သက်ငယ်မုဒိန်းမှု သြဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကလေး၏ မိဘများနဲ့ ရင်းနှီးခင်မင်သူ မင်းကျော် ဆိုသူသည် နေအိမ်သို့ ညအိပ်တည်းခိုးရန်ရောက်ရှိနေပြီး ၃ ရက်မြောက်သောနေ့ သြဂုတ်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် အရွယ်မရောက်သေးသော မ−−−−−− ၏ ခြင်ထောင်ထဲသို့ ဝင်ရောက်ကာ သားမယားပြုကျင့်ခဲ့ပြီး မိဘများကို ပြန်တိုင်ပါက ရောင်းစားမည်၊ နေအိမ်ကိုလည်း မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

နောက်တစ်ရက်တွင် သမီးဖြစ်သူက မိန်းမအင်္ဂါမှာ မခံရပ်နိုင်အောင် နာကျင်နေကြောင်း မိခင်ဖြစ်သူကို ပြောပြရာမှ မိခင်ဖြစ်သူ သိရှိသွားပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် မြဝတီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

တိုင်ကြားချက်အရ မင်းကျော် (၃၂ နှစ်)၊ အိုးဖိုစုကျေးရွာ၊ လက်ပံတန်းမြို့နယ်တွင် နေသူအား မြဝတီမြို့မရဲစခန်းက အချိန်မီထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

 

သတင်းရင်းမြစ် - မင်းသူ(ဘားအံ)
 



Follow us on