1. Home
  2. Movie Stars - Celebrity

အကြီးမို့အလျှော့ပေးရတယ်လို့ မထင်လိုက်ပါနဲ့ဆိုတဲ့ နန်းဆုရတီစိုး

Movie Stars - Celebrity ส.ค. 20, 2561 view 1,778

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေး နန်းဆုရတီစိုးနဲ့ G Fatt တို့နှစ်ယောက်ကတော့ ကိုယ်စီပရိသတ်အခိုင်အမာရရှိထားသူများဖြစ်ပြီး အောင်မြင်ကျော်ကြားသူများဖြစ်ကြပါတယ်။ ဂီတအလုပ်တွေကို အတူတူလက်တွဲလုပ်ရင်း အကောင်းဆုံးအနုပညာတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။ နှစ်ယောက်သားချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတာကြောင့် အများကအားကျနေရတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။ မနဲ့မောင်အချစ်ရေးကိုပိုင်ဆိုင်ထားတဲ့ နန်းဆုတို့နှစ်ယောက်မှာ သူမကအကြီးဖြစ်တာကြောင့် အလျှော့ပေးရမယ်ဆိုတဲ့ ပရိသတ်တွေရဲ့အထင်ကို ကိုယ်ကအကြီးဖြစ်လို့ အလျှော့ပေးရတယ်လို့ မထင်လိုက်ပါနဲ့ဆိုပြီး အင်တာဗျူးတစ်ခုကနေ သူမရဲ့အချစ်ရေးအကြောင်း တစ်စေ့တစ်စောင်းကို ပြောပြထားပါတယ်။

“ကိုယ်ကကြီးလို့လဲ ကိုယ်ကအလျှော့ပေးရတယ်လို့ မထင်ပါနဲ့၊ သူကပဲ အလျှော့ပေးရတာ။ ကိုယ်က ကလေးဆန်တယ်လို့ သူပြောတယ်။ အဲ့လိုမျိုးမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က ရွယ်တူလိုမျိုးပဲ၊ စလိုက်၊ နောက်လိုက်၊ စိတ်ဆိုးလိုက်၊ ပြန်ချော့လိုက်ဆိုတော့ မနဲ့မောင်အတွဲရဲ့အားသာချက်မျိုးတော့မရှိပါဘူး” ဆိုပြီး

ဆက်လက်ပြီး ချစ်သူနဲ့စိတ်ဆိုး၊စိတ်ကောက်တဲ့အခါတွေမှာ ဘယ်လိုဖြေရှင်းလဲဆိုတာနဲ့ပတ်သက်ပြီး “မသိချင်ယောင်ဆောင်လိုက်တယ်။ သူစိတ်ဆိုးရင် သူချော့၊ ကိုယ်စိတ်ဆိုးလဲ သူချော့ ဒါပဲလေ။ နောက်တာပါ။ ဘယ်လိုမျို” ဆိုပြီး နောက်ပြောင်ကာ ပြောဆိုခဲ့ပါသေးတယ်။

နန်းစုတို့ချစ်သူနှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် အနိုင်ကျင့်စိတ်ဆိုးတာမျိုးတွေ မရှိပေမယ့်၊ စိတ်ဆိုးကြတဲ့အခါမှာတော့ တစ်ယောက်ကအရမ်းစိတ်ဆိုးတဲ့အခါ တစ်ယောက်ကလျှော့ပြီး နားလည်မှုယူကြတယ်လို့လဲ ဆိုပါသေးတယ်။ သ၀န်တိုတာနဲ့ ပတ်သက်ပြီးလဲ “ကိုယ်က မရစ်တတ်ဘူး၊ သ၀န်လဲမတိုတတ်ဘူး။ သူကရစ်တတ်တာ သူကအေးဂယက်။ သ၀န်တိုတာကလဲ သူကအရမ်းသ၀န်တိုတော့ ကိုယ်ပါလိုက်တိုပြမယ်ဆိုပြီး လိုက်တိုရင်းက သ၀န်တိုတက်သွားတာ” ဆိုပြီး သူမတို့ရဲ့အချစ်ရေးအကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အချစ်ကြောင့် နုပျိုလန်းဆန်းနေတဲ့ နန်းဆုကတော့ သူမကိုယ်တိုင်ကလဲ သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄ နာရီ သ၀န်တိုတဲ့ ချစ်သူကိုပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ နန်းဆုနဲ့ ဂျီဖက်တို့ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေကို အကောင်းဆုံးအနုပညာတွေချပြနိုင်ဖို့အတွက် နှစ်ယောက်သားကြိုးစားနေသူတွေ ဖြစ်ပါတယ်....

 

Source_Cele Yatkwat

 



Follow us on