1. Home
  2. Special or Others

ကလေးလေးကို ကားတိုက်ခံခိုင်းပြီး ငွေညှစ်ဖို့ ကြိုးစားတဲ့ အမျိုးသမီး (ရုပ်သံ)

Special or Others ส.ค. 20, 2561 view 1,444

သားအမိနှစ်ဦးဟာ ကားလမ်းမဘေးမှာ ရပ်နေခဲ့ပြီး ကားလာတဲ့အချိန်မှာ မိခင်ဖြစ်တဲ့ အမျိုးသမီးက သူမရဲ့ သားဖြစ်သူ ကလေးကို ကားတိုက်မိအောင် နောက်ကနေ စောင့်တွန်းလိုက်ပါတယ်။  

တရုပ်နိုင်ငံ ဂွမ်ကျိုးမြို့မှာ ဖြစ်ပျက်ခဲ့ပြီး အမျိုးသမီးဟာ လျော်ကြေးငွေညှစ်လိုတာကြောင့် ကာတိုက်ခံရသလို ဖြစ်အောင် ဖန်တီးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် သူမျှော်လင့်ထားသလို ကလေးက ကားရှေ့ကိုရောက်မသွားတဲ့အခါမှာတော့ ရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့ ကားရှေ့မှာ ဘာမပြောညာမပြောနဲ့ သူမကိုယ်တိုင် အပြေးသွားလဲလျောင်းလိုက်ပြီး ကားတိုက်ခံရသလို လူးလိမ့်အော်ဟစ်နေပါတယ်။ သူတို့ရဲ့အနီးနားမှာ ရှိနေပြီး အဖြစ်ပျက်အစဆုံးတွေ့လိုက်ရတဲ့ မျက်မြင်သက်သေတစ်ဦးကတော့ ကလေးရဲ့ လက်ကို ဆွဲပြီး ထိန်းပေးထားခဲ့ပါတယ်။

တရုပ်နိုင်ငံမှာ ကားတိုက်ခံရဟန်ဆောင် တမင်ဖန်တီးတဲ့ လုပ်ဇာတ်များစွာရှိနေပြီး ရဲတွေကလည်း ဒီလိုလုပ်စားတဲ့သူတွေကို စုံစမ်းဖော်ထုတ်နေကြောင်း သိရှိရပါတယ်။


 



Follow us on