1. Home
  2. Special or Others

အနာဂတ်တွင် ခေတ်စားလာတော့မည့် လူစီးမိုးပျံယာဉ်ငယ် တီထွင်အောင်မြင်

Special or Others ส.ค. 21, 2561 view 1,601

တရုပ်နိုင်ငံမှ တီထွင်ဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ “ကျောင်ဒဲလီ” ဟာ ဒရုန်းနည်းပညာကို အခြေခံထားပြီး လူကိုယ်တိုင် လိုက်ပါစီးနင်း ထိန်းချုပ်နိုင်တဲ့ မိုးပျံယာဉ်တစ်စင်းကို တီထွင်စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

အဆိုပါ စကူတာယာဉ်ငယ်ဟာ လေပေါ်မှာ တစ်နာရီကို ၄၄ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ “ကျောင်ဒဲလီ” သူ့ရဲ့ ယာဉ်ပျံကို ၂၀၁၆ ခုနှစ်က စတင်တီထွင်ခဲ့ပြီး အခုချိန်ထိ စမ်းသပ်ပျံသန်းမှုပေါင်း အကြိမ် ၁၅၀၀ ကျော် မောင်းနှင်ပြီးဖြစ်ပါတယ်။

သိပ်မကြာတော့တဲ့ အနာဂါတ်မှာတော့ အဆိုပါယာဉ်ငယ်ကို အချောသပ်ဒီဇိုင်းနဲ့အတူ စီပွားဖြစ်ထုတ်လုပ်နိုင်ဖို့ “ကျောင်ဒဲလီ” က ရည်မှန်းထားပါတယ်။
 



Follow us on