1. Home
  2. Myanmar News

ပဲခူးမြို့ တွင် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားသုံးဦး ဓားခုတ်ခံရမှုဖြစ်ရပ်မှန်

Myanmar News ส.ค. 21, 2561 view 1,505
သြဂုတ်လ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ရဲတပ်ဖွဲ့ ဝင် ၄ ဦးကို လူ ၁၀ ဦးအဖွဲ့ က ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ ဥဿာမြို့သစ် ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သား ၃ ဦးတို့သည် အရပ်သားအဝတ်များဖြင့် ဥဿာမြို့သစ်(၃)ရပ်ကွက်တွင်ရှိ "ရွှေမင်းသားKTV" ဆိုင်တွင် အပန်းဖြေရန် ဆိုင်ကယ်နှစ်စီးဖြင့်သွားရောက်ရာ လမ်းတွင်မောင်းနှင်လာသောဆိုင်တစ်စီးနှင့် ပွတ်တိုက်မိပြီး ရဲတပ်သားတစ်ဦးက “ဆိုင်ကယ်ကို ဘယ်လိုမောင်းနေတာလဲ” ဟု အော်ငေါက်ခဲ့သည် ။
 
 
မည်သည့်ပြဿနာမျှမဖြစ်ပွားခဲ့ဘဲ “ရွှေမင်းသားKTV" ဆိုင်သို့ နှစ်နာရီကြာတွင်အပန်းဖြေပြီးနောက် အပြန်လမ်းတွင် အမျိုးသား ၁၀ ဦးခန့်မှ ပါလာဓားများဖြင့် ဝိုင်းခုတ်သဖြင့် ဒုရဲအုပ် အေးဝင်းသန်းတွင် အပေါ်နှုတ်ခမ်းနှင့် ဝဲနံပြတ်ရှ၊ ရဲတပ်သားထွန်ထွန်းဝင်းတွင် ဝဲပခုံး၊ မျက်လုံး၊ ဝဲနားထင်နှင့် ဝဲပါးရိုးပြတ်ရှဒဏ်ရာ၊ ရဲတပ်သားပြည်ဖြိုးအောင်တွင် လည်ဂုတ်၊ ယာဂျိုစောင်း၊ လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ  အသီးသီး ဒဏ်ရာများရရှိပြီး ဆိုင်ကယ်မောင်းသူရဲတပ်သား အောင်သီဟဦးသည် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအဖွဲ့ ကို ( ပ ) ၁၁၀၅/၂၀၁၈ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၆/၃၂၄/၃၂၃/၁၁၄ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။


Follow us on