1. Home
  2. Myanmar News

သမီးဖြစ်သူအား အဓ္ဓမပြုကျင့်သူကို မိခင်က သတ်ပြီးအလောင်းဖျောက်

Myanmar News ส.ค. 23, 2561 view 1,795

ထိုင်းနိုင်ငံ ချွန်းပူရီခရိုင်၊ ဘန့်ဘိန်မြို့နယ်ထဲရှိ ရေကန်ထဲတွင် လွန်ခဲ့သော သီတင်းပတ်က သစ်သားနှင့် ပူးတွဲချည်နှောင်ထားသော အမျိုးအသားတစ်ဦး၏ အလောင်း ပေါ်လာခဲ့ပြီး သံသယတရားခံအဖြစ် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူမှာ မြန်မာလုပ်သား ဇော်နိုင်ဦး (၃၇ နှစ်) ဖြစ်ပြီး သမီးဖြစ်သူအား အဓ္ဓမပြုကျင့်မှုကြောင့် မိခင်ဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ ဒေါ်မနု (၄၀ နှစ်) က ဝန်ခံထားသည်။

ဖြစ်စဉ်မှာ သူမနှင့် သမီးဖြစ်သူတို့ဟာ ဇော်နိုင်ဦးနဲ့အတူ စက်ရုံရှိ အလုပ်သမားများ အိပ်ဆောင်မှာ အတူနေထိုင်ကြရသူများ ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လက သမီးဖြစ်သူကို ထားရစ်ကာ ဒေါ်နုမ မြန်မာပြည်ကို ခေတ္တပြန်သွားခဲ့သည်။
ပြန်ရောက်လာသည့်အချိန်တွင် ဇော်နိုင်ဦး က သမီးဖြစ်သူကို အဓ္ဓမပြုကျင့်ခဲ့ကြောင်း သမီးက တိုင်ကြားခဲ့သည့် အတွက် ဒေါသဖြစ်ကာ သြဂုတ်လ ၁၆ ရက်နေ့တွင် ဇော်နိုင်ဦး အရက်မူးကာ အိပ်ပျော်နေစဉ် သံချောင်းဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့သည်။
ထို့နောက် ညရောက်သည့်အခါတွင် အလောင်းကို ပြန်ပေါ်မလာနိုင်အောင် သစ်သားပြားနဲ့ တွဲချည်ပြီး စက်ရုံဝင်းအတွင်းရှိ ရေကန်ထဲသို့ ပစ်ချခဲ့ကြောင်း ဒေါ်နုမ က ထွက်ဆိုခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့မှာ သေဆုံးသူရဲ့အလောင်း ရေကန်အတွင်းမှ ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဇော်နိုင်ဦးမှာ မြန်မာအလုပ်သအားများကြား ငွေတိုးချေးစားနေသူဖြစ်တာကြောင့် ငွေရေးကြေးရေးပြဿနာကြောင့် အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဖြစ်စဉ်အမှန်မပေါ်ပေါက်မီက ထင်ကြေးပေးခဲ့မှုများရှိကြောင်း DVB သတင်းတွင် ဖော်ပြပါရှိသည်။

 



Follow us on