1. Home
  2. Myanmar News

တောင်ကြီးမြို့မှ ၄ လောင်းပြိုင်လူသတ်မှု စစ်ဘက်ဥပဒေဖြင့်အရေးယူမည်

Myanmar News ส.ค. 23, 2561 view 1,570

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဆက်သွယ်ရေးအင်ဂျင်နီယာတပ်အတွင်း ဖြစ်ပွားခဲ့သော ၅ နှစ်သမီးလေးအပါအဝင် လူ ၄ ဦးအား ရက်စက်စွာ သတ်ဖြတ်ခံရမှုကို စစ်ဘက်ဥပဒေဖြင့်သာ အရေးယူသွားမည်ဖြစ်ကြောင်း သြဂုန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့မ ရဲစခန်းသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

တာချီလိတ်သတင်းမီဒီယာ၏ ဖော်ပြချက်အရ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းရှိ ဆအတ(၃) တပ်အတွင်း အရာခံဗိုလ် စိုးမိုးထွန်း၏ နေအိမ်လိုင်းခန်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ ည (၆)နာရီခန့်က ဓါးထိုးမှုဖြစ်ပွားရာ လူ(၄)ဦးသေဆုံးသွားကြောင်း သြဂုတ်လ(၂၁)ရက်နေ့ နေ့လယ်(၂)နာရီ (၅၀)မိနစ်၌ အဆိုပါတပ်မှ တာဝန်ရှိသူတစ်ဦးက တောင်ကြီးမြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဓါးထိုးမှုကြောင့် အရာခံဗိုလ် စိုးမိုးထွန်း၏ဇနီး အသက်(၃၇)နှစ်အရွယ် ဒေါ်အိအိမိုးမှာ ဝဲဘက် ရင်အုံတွင် ဓါးဒဏ်ရာ(၁)ချက်၊ ယာဘက်ရင်အုံတွင် ဓါးဒဏ်ရာ (၂)ချက် စုစုပေါင်း ဓါးဒဏ်ရာ(၃)ချက်ဖြင့်လည်းကောင်း၊ အရာခံဗိုလ် စိုးမိုးထွန်း၏သမီး အသက်(၅)နှစ်အရွယ် မမေရှင်းသန့်ဖြူမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ (၉)ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာဘက်တံတောင်ဆစ် ထိုးသွင်းဒဏ်ရာ(၁)ချက် စုစုပေါင်း ဓါးဒဏ်ရာ (၁၆)ချက်ဖြင့်လည်းကောင်း၊ ဆအတ(၃)လေသန့်ဌာနမှ အသက်(၃၀)အရွယ် ဒုအရာခံဗိုလ် အောင်ဆန်းဝင်းမှာ နောက်ကျော ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့်လည်းကောင်း၊ ဆအတ(၃) လေသန့်ဌာနမှ အသက်(၂၅)နှစ်အရွယ် တပ်ကြပ်ကြီး လွမ်းဝေအောင်မှာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားချက်အရ သိရသည်။

သတင်း - တာချီလိတ်သတင်း

 



Follow us on