1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေသဘာကျနေကြတဲ့ ကျော်ထက်အောင်ရဲ့ပုံလေးတစ်ပုံ

Movie Stars - Celebrity ส.ค. 23, 2561 view 1,536

ကျော်ထက်အောင်လို့ဆိုလိုက်တာနဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးက မီးလေးခဏမှိတ်ပေးပါဆိုတဲ့ ခန့်ချောကြီး Host တစ်ယောက်ကိုပြေးမြင်မိကြမှာပါ။ ဆွဲဆောင်မှုရှိပြီး ယောကျာ်းပီသစွာ ခန့်ညားတည်ကြည်တဲ့ရုပ်ရည်သွင်ပြင်ကြောင့် မမတွေ၊ညီမလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့တာဖြစ်တဲ့ ကျော်ထက်အောင်က သရုပ်ဆောင်အလုပ်တွေကိုလည်း လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ကြော်ငြာများအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ကျော်ထက်အောင်က အနုပညာလှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက်မှာပါမျှဝေလေ့ရှိပါတယ်။

အဆိုတော်တင်ဇာမော်သီဆိုထားတယ့် “မထင်ခဲ့ဘူး” သီချင်း MTV ရိုက်ကွင်းကပုံရိပ်တွေကို မျှဝေလိုက်တဲ့အခါမှာတော့ ပရိသတ်တွေအတွက် သဘောအကျရဆုံးပုံလေးတစ်ပုံထွက်ရှိလို့လာပါတယ်။ အရပ်ရှည်တဲ့ ကွီးကျော်ထက်အောင်တစ်ယောက် အဆိုတော်မတင်ဇာမော်နဲ့အတူရိုက်ကူးထားတဲ့ MTV ထဲမှာတော့ အရပ်ရှည်နေတာကြောင့် အရပ်ချင်းညီအောင်ညှိယူထားတဲ့ပုံလေးက အင်မတန်မှချစ်စရာကောင်းလှပါတယ်။ ပရိသတ်တွေကတော့ ထိုပုံလေးကို အလွန်သဘောတွေကျနေကြတာပဲဖြစ်ပါတယ်။ ကွီးကျော်ထက်အောင်ရဲ့ ချစ်စရာကောင်းတဲ့ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 



Follow us on