1. Home
  2. Movie Stars - Celebrity

ကမ္ဘာ့သရုပ်ဆောင်ကြေး အမြင့်ဆုံး ထိပ်တန်းမင်းသား (၁၀)ဦး

Movie Stars - Celebrity ส.ค. 28, 2561 view 2,649

အမေရိကန်နိုင်ငံရဲ့ သြဇာအာဏာအကြီးဆုံး စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ “Forbes” က နေ သရုပ်ဆောင်ကြေးအမြင့်ဆုံး ထိပ်တန်းသရုပ်ဆောင် (၁၀)ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

၁။ George Clooney (ဂျော့ခ်ျကလိုနီ)

နံပါတ် (၁) နေရာမှာတော့ မင်းသားကြီး ‘George Clooney (ဂျော့ခ်ျကလိုနီ)’ ဖြစ်ပါတယ်။
သက် ၅၇ နှစ်အရွယ် မင်းသားကြီးဟာ သရုပ်ဆောင်လောကမှာ ၃၅ နှစ်တာ ကျင်လည်ဖြတ်သန်းခဲ့ပြီး ကောင်မလေးတွေအကြွေဆုံး ထိပ်တန်း ဟောလိဝုဒ်မင်းသားထဲမှာ စာရင်းဝင်သလို သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားကြီးလည်းဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ် တစ်နှစ်ထဲမှာတင် သူ့ရဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၂၃၉ မီလီယံရှိပါတယ်။


၂။ The Rock

နံပါတ် ၂ နေရာမှာတော့ စပ်ဖြီးဖြီးမျက်နှာနဲ့ ပရိသတ်တို့ရဲ့ အချစ်တော် ‘Dwayne "The Rock" Johnson (ဒွိန်းသည်ရော့ခ်ဂျွန်ဆန်)’ က ရပ်တည်နေပါတယ်။ သည်ရောခ့် ဟာ နပမ်းသမားဘဝကနေ ကြိုးစာရင်း ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသား စာရင်းဝင်လာသူဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ “Scorpion King” “Fast & Furious” ဇာတ်လမ်းတွေက သူ့ကိုပိုပြီး အရောင်တောက်လာစေပါတယ်။
"Jumanji: Welcome to the Jungle" အပါဝင်အခြားသော အလုပ်တွေအတွက် သူ့ရဲ့ တစ်နှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၂၄ သန်း ရှိပါတယ်။


၃။ Robert Downey Jr..

“Iron Man” ဇာတ်လမ်းတွေနဲ့ အကြီးအကျယ် အောင်မြင်လာတဲ့ “ရောဘတ်ဒေါင်နီဂျူနီယာ(Robert Downey Jr..)” ဟာ တတိယနေရာမှာ ရှိနေပါတယ်။ သူရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၁ သန်းရှိပါတယ်။


၎။ Chris Hemsworth

“Thor(သော)” ဇာတ်လမ်းဆက်တွေနဲ့ ရုပ်ဖြောင့်ဗလတောင်တဲ့ မင်းသား ‘Chris Hemsworth (ခရစ္စဟမ်စ်ဝေါ့သ်)’ က စတုတ္တနေရာမှာ ရပ်တည်နေပါတယ်။ သူ့ရဲ့နောက်ဆုံးထွက် "Thor: Ragnarok" နဲ့ "Avengers: Infinity War" ဇာတ်ကားတွေအတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၆၄ မီလီယံရရှိထားသူဖြစ်ပါတယ်။


၅။ Jackie Chan

တစ်ကမ္ဘာလုံးကပရိသတ်တွေရဲ့အချစ်တော် ‘Jackie Chan (ဂျက်ကီချန်း)’ က နံပါတ်(၅) နေရာမှာ ရှိနေပါတယ်။ သူ့ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ "Bleeding Steel" နဲ့ "The Foreigner" အပါအဝင် ရုပ်ရှင်ဇာတ်ကား ၆ ကားအတွက် ဝင်ငွေ ဒေါ်လာ ၄၅.၅ သန်း ရထားသူဖြစ်ပါတယ်။


၆။ Will Smith

သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းကောင်းတဲ့ မင်းသား ‘Will Smith (ဝီလ်စမစ်သ်)’ က နံပါတ် ၆ နေရာမှာ ရှိပါတယ်။ သူဟာ Netflix ရဲ့ ဇာတ်ကား “Bright”၊ ဒစ်ဆနေး စင်တင်ပြဇာတ်မှာ ‘အာလာဒင်’ အဖြစ် သရုပ်ဆောင်မှု၊ ၂၀၁၈ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ သီဆိုဖျော်ဖြေမှုတွေနဲ့ ဒေါ်လာ ၄၂ မီလီယံ ဝင်ငွေရှိသူဖြစ်ပါတယ်။


၇။ Akshay Kumar

ထူးထူးခြားခြား အရှတိုက်သား အန္ဒိယသရုပ်ဆောင် ‘Akshay Kumar (အက်ရှေကူးမား) က နံပါတ် ၇ နေရာမှာ ရပ်တည်နေပါတယ်။ သူ့ရဲ့ဇာတ်ကားတွေဖြစ်တဲ့ “Toilet” “Padman” ဇာတ်ကားတွေနဲ့အတူ TATA ကားကုမ္ပဏီ Eveready ကုမ္ပဏီတို့နဲ့ စာချုပ်ချုပ်ဆိုမှုတွေကနေ ဒေါ်လာ ၄၀.၅ မီလီယံ ရရှိခဲ့ပါတယ်။


၈။ Adam Sandler

ဟာသသရုပ်ဆောင် ‘Adam Sandler (အဒမ်ဆန်ဒလာ)’ ဟာ Netflix နဲ့ ဟာသဇာတ်လမ်းတွဲတွေကို ရေးသားရိုက်ကူး သရုပ်ဆောင်မှုကနေ ဒေါ်လာ ၃၉.၅ မီလီယံရရှိခဲ့ပြီး နံပါတ် ၈ နေရာမှာ ရှိနေပါတယ်။


၉။ Salman Khan

နောက်ထပ် နာမည်ကျော် အိန္ဒိယသရုပ်ဆောင် ‘Salman Khan (ဆာလမန်ခမ်း)’ က Suzuki မော်တော်ဆိုင်ကယ်၊ Chlormint ပီကေထုတ်ကုန်တွေနဲ့ စာချုပ်ချုပ်ခဲ့ရာမှ ဒေါ်လာ ၃၈.၅ မီလီယံ ဝင်ငွေရခဲ့ပါတယ်။

၁၀။ Chris Evans

နံပါတ် ၁၀ နောက်ဆုံးနေရာမှာ ရပ်တည်နေသူကတော့ ကျွန်တော်တို့ရဲ့ ကပ္ပတိန်အမေရိကားကြီးပါ။ ‘Chris Evans (ခရစ္စအယ်ဗန်စ်)’ က Marvel ရုပ်ရှင်တွေရဲ့ Captain America နေရာကနေ ပါဝင်သရုပ်ဆောင်မှဒအတွက် ဒေါ်လာ ၃၄ မီလီယံ ရရှိထားသူဖြစ်ပါတယ်။

ဖော်ပြပါ ကမ္ဘာ့သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသား (၁၀)ထဲမှာ ကိုယ့်အကြိုက်ဆုံး သရုပ်ဆောင်က ဘယ်သူဖြစ်မလဲဆိုတာ မန့်ပေးခဲ့ကြပါဦးနော်..။


(နေဇာအောင်)

Ref:Reuters
 



Follow us on