
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင်မှ အသက် ၆၀ ကျော် အမျိုးသမီးကြီးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူအား သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၂ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အေဘီစီမှတ်တိုင်အနီး လေထိုးကျွတ်ဖာဆိုင်တစ်ဆိုင်တွင် အသက် ၆၀ ကျော် ဆိုင်ရှင်အမျိုးသမီးကြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရသည်။
တွေ့ရှိချိန်တွင် ညာဘက်နှာခေါင်းဆွင် ပုရွက်ဆိတ်များကိုထားသောကြောင့် ပဲရွဲ့နေပြီး နဖူးပြင်ဒဏ်ရာများတွေ့ရှိခဲ့ရသဖြင့် သေဆုံးသည်မှာ တစ်ရက် နှစ်ရက်ခန့်ရှိမည်ဟု ယူဆထားသည်။ ၎င်းအပြင် ဆိုင်တွင် ရှိနေသော ဖိုးချစ်ဆိုသူ အလုပ်သမားလည်း ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မုတ္တမနယ်မြေ ရဲစခန်းပိုင် မုတ္တမကျေးရွာ ဆီဆုံရပ်တွင် မသင်္ကာဖွယ်လူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ စခန်းမှုး ရဲအုပ် အောင်မင်းကြည် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်မှုး တပ်ကြပ်ခင်မောင်လွင် တပ်ကြပ်ထွန်းလှိုင်ဦး တပ်သားအောင်နွယ်စိုး သက်သေ ဆီဆုံရပ်ကွက်မှုး ဦးလှိုင်သိန်း သစ်ပုံဆိပ်ရပ်ကွက်မှုး ဦးဌေးလွင်တို့နှင်အတူ ဖမ်းဆီး စစ်ဆေးရာမှ အဆိုပါ မုဒိန်းကျင့် လူသတ် အမှုဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

တရားခံမှာ အဆိုပါကားဝပ်ရှော့ လေထိုးကျွတ်ဖာဆိုင်မှ အလုပ်သမားဖြစ်သူ မော်ရွန်း (၂၄)နှစ် (ဘ)မမှတ်မိ (မိ) ဒေါ်တိုင်ရာဘီ ရေတွင်းကုန်းကျေးရွာ ကျိုက်မရောမြို့ နေသူဖြစ်ကြောင်း သိရပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သက်ဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်ရဲစခန်းထံသို့ ဆက်သွယ်ခဲ့ရာ အဆိုပါရဲစခန်း (ပ)၄၃၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ ရှောင်တိမ်းနေသည့် တရားခံဖြစ်ကြောင်း အတည်ပြုသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးအပ် နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ကနဦးသတင်း ရရှိပါသည်။
သတင်းရင်းမြစ် − Zin Moe
comment