1. Home
  2. Movie Stars - Celebrity

အသက် (၄၆) နှစ်ပြည့်မွေးနေ့ပွဲကျင်းပခဲ့တဲ့ ဂျေလို

Movie Stars - Celebrity ก.ค. 28, 2558 view 1,822

အမေရိကန် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် ကျော်ကြားသူမိတ်ဆွေများနှင့် အတူ အသက် (၄၆)နှစ်ပြည့် မွေးနေ့ပါတီပွဲကို ဇူလိုင် ၂၅ ရက် ညက ကျင်းပခဲ့သည်။

ဂျနီဖာလိုပက်ဇ်သည် ဇူလိုင် ၂၄ ရက်တွင် အသက် (၄၆)နှစ် ပြည့်ခဲ့ပြီး ဇူလိုင် ၂၅ ရက်ညတွင် နယူးယောက်ပြည်နယ် ဆောက် သမ်တန်မြို့ရှိ 10 AK ကလပ်၌ မွေးနေ့ပွဲကျင်းပခဲ့သည်။ ဂျနီဖာ လိုပက်ဇ်သည် ဆွဲဆောင်မှုရှိ သော အနက်ရောင်ဂါဝန်ကိုဝတ် ဆင်ထားပြီး ချစ်သူကက်စပါ စမတ်နှင့် လက်တွဲကာ မွေးနေ့ပွဲကျင်းပရာ နေရာသို့ ရောက်ရှိလာခဲ့သည်။

ဂျနီဖာလိုပက်ဇ်၏ အသက် (၄၆)နှစ်ပြည့်မွေးနေ့ပွဲသို့ မက္ကဆီ ကိုအဆိုတော် သာလီ၊ အမေရိ ကန်အဆိုတော် ဖရန့်ခ်ျမွန်တာနာ၊ဗြိတိန်ပေါ့ပ်စတား နာတာရှာ ဘက်ဒင်ဖီးနှင့်ရက်ပ်အဆိုတော် ဖက်ဂျိုးတို့လည်းတက်ရောက်ခဲ့ ကြသည်။ မွေးနေ့ရှင်ဂျေလိုသည် တစ်ညလုံးနီးပါး ကနေခဲ့သည်ဟု သတင်းရင်းမြစ်များကပြောကြား သည်။ ဂျေလိုသည် မကြာမီတွင် American Idol အစီအစဉ်သစ်၌ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ American Idol အစီ အစဉ် ဒိုင်လူကြီးအဖြစ် မဆောင် ရွက်မီ ပါဝင်သရုပ်ဆောင်ရန် လက်ခံထားသော ကန်ရုပ်သံဇာတ်လမ်းတွဲ Shades of Blueကို ပြီးစီးအောင်ရိုက်ကူးမည်ဖြစ်သည်။   

—Ref: Contactmusic

Credit : http://www.7daydaily.com/story/42885 



Follow us on