1. Home
  2. Myanmar News

တရားမဝင်ဈေးကွက်ဝင်လုမှုကြောင့် တက္ကသိုလ်ကြိုပို့ယာဉ်လိုင်းရပ်ဆိုင်း

Myanmar News ส.ค. 29, 2561 view 1,538

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ် ကြိုပို့ယာဉ်လိုင်း တရားမဝင် သုံးဘီးဆိုင်ကယ်များ ဈေးကွက်ဝင်လုမှုကြောင့် ကြိုပို့ယာဉ်လိုင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ရိုးမသဇင်တက္ကသိုလ်ကြိုပို့ယာဉ်လိုင်းသည် စစ်တွေတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို အဓိကထားပိုဆောင်ပေးရန် ဖွဲ့စည်းထားပြီး အစိုးရကတရားဝင် သတ်မှတ်ထားသော ယာဉ်လိုင်းလည်းဖြစ်သည်။

သို့သော် သုံးဘီးဆိုင်ကယ်များက တရားမဝင် ကြားဖြတ် ဝင်ရောက်ပြေးဆွဲတာကြောင့် ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်များ အလုပ်လက်မဲ့ဖြစ်လာခဲ့သည်။ အဆိုပါ တရားမဝင် သုံးဘီးယာဉ်ပြေးဆွဲနေမှုများအား ရပ်တန့်ပေးရန် အစိုးရနှင့် တက္ကသိုလ်မှ တာဝန်ရှိသူများအား ပြောကြားခဲ့သော်လည်း ထူးခြားချက်တစ်စုံတစ်ရာ မရှိတာကြောင့် ယာဉ်လိုင်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ယာဉ်မောင်းများက ပြောဆိုခဲ့သည်။

ရိုးမသဇင်တက္ကသိုလ်ကြိုပို့ယာဉ်လိုင်းကို ယခင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း က စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး Hijet အမျိုးအစား ယာဉ် ၁၃၀ ကျော်နှင့် ပြေးဆွဲခဲ့ရာမှ ယခုအခါ ၇၀ စီးခန့်သာ ကျန်ရှိတော့ပြီး တာဝန်ရှိသူများက ဖြေရှင်းမှု မရှိမချင်း ရပ်ဆိုင်သွားမည်ဟု သတင်းရရှိသည်။

REF:RFA
 



Follow us on