1. Home
  2. Myanmar News

ကျောက်ဆည် GTI ကျောင်းသားတစ်ဦး ဓားထိုးခံရကာ နေရာတင်သေဆုံး

Myanmar News ส.ค. 30, 2561 view 1,875

ကျောက်ဆည် GTI မှ Mechanical Power(စက်မှုစွမ်းအား) နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ နေမင်းထက် အား လူသုံးဦးမှ ထိုးကြိတ်ကာ ဝိုင်းဝန်းလုယက်ခဲ့ပြီး ဓားနဲ့ထိုးခံရမှုကြောင့် နေရာမှာတင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် နေမင်းထက်  က သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ်နောက်တွင် ဖုန်းမှဂိမ်းကစားရင်း ထိုင်စီးလာစဉ် လူသုံးယောက် စီးလားသော ဆိုင်ကယ်က သူတို့ဆိုင်ကယ်နှင့် ဘေးချင်းယှဉ်လိုက်လာပြီး နေမင်းထက် ၏ လက်ထဲမှ ဖုန်းအား လုယူခဲ့ကြသည်။

ဖုန်းလုရင်း ဆိုင်ကယ်လဲသွားချိန်တွင် လူသုံးဦးက သူတို့နှစ်ယောက်ကို ထိုးကြိတ်ပြီး နေမင်းထက် ကို ဓားနဲ့ထိုးသွားကြောင်း၊ အခြားလူတွေ ရောက်လာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည် သို့သော် ဖြစ်စဉ်တစ်ခုလုံးကို အနီးနားရှိ စတိုးဆိုင်မှ စီစီတီဗီဖြင့် မှတ်တမ်းရယူနိုင်ခဲ့သည်။

ရဲများက စီစီတီဗီကို စစ်ဆေးပြီးနောက် တရားခံများကို ချက်ခြင်းဖမ်းဆီးနိုင်ခဲ့ကြောင်း နေမင်းထက် ၏ ဦးလေးဖြစ်သူ ဦးတိုးဝေဖြိုး က ပြောကြားခဲ့သည်။ နေမင်းထက် မှာ နှလုံးကိုထိုးမိသော ဓားဒဏ်ရာကြောင့် နေရာတွင် သေဆုံးခဲ့ရကြောင်း ဆေးစစ်ချက်အရ သိရှိရသည်။

နေမင်းထက် ၏ သူငယ်ချင်းဖြစ်သူမှာ ထိုးကြိတ်ဒဏ်ရာများသာ ရရှိခဲ့သည်။ လုယက် လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ ယခင်ကလည်း လုယက်မှု၊ ခိုးမှုများ ကျူးလွန်ခဲ့ဖူးပြီး ရဲကအလိုရှိနေသူများ ဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - VoiceOfMyanmar
 



Follow us on