1. Home
  2. Movie Stars - Celebrity

Lana Del Ray အကြောင်း စာအုပ်တစ်အုပ်ရေးမယ့် James Franco

Movie Stars - Celebrity ก.ค. 28, 2558 view 2,333

ကမ္ဘာကျော် အဆိုတော် Lana Del Rey နဲ့ ကမ္ဘာကျော်မင်းသား James Franco တို့ တွဲနေကြတယ်ဆိုတဲ့ သတင်းကို အားလုံးသိပြီးချိန် ဟုတ်မှဟုတ်ရဲ့လားလို့ ဖြစ်ခဲ့ကြရပါတယ်။ ဒါတကယ်ပါ။ သူတို့နှစ်ယောက်ဟာ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပြီး ခုလည်း James Franco က သူ့ချစ်သူ Lana Del Rey အကြောင်း စာအုပ်ရေးမယ်လို့ ဆိုလိုက်ပါတယ်။ သူနဲ့တွဲရေးမယ့် နောက်ထပ်စာရေးဆရာကတော့ David Shields ပဲ ဖြစ်ပါတယ်။

စာအုပ်နာမည်ကို နှစ်မျိုးသုံးမျိုးပေးထားပေမယ့် အဓိကကတော့ Lana Del Rey အကြောင်းကို ရေးသားမှာမို့ bae ဆိုတဲ့ အသုံးအနှုန်းကို ထည့်သုံးဖို့ သဘောကျတဲ့အကြောင်း သူက ဖွင့်ဟထားပါတယ်။ တစ်ချို့အကြောင်းအရာတွေကတော့ စိတ်ကူးယဉ်အရေးအသားမျိုးတွေ ပါဝင်မှာဖြစ်ပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်နေတဲ့အကြောင်းတွေကို အမျိုးမျိုးတင်စားရေးသားတာမျိုးလောက်ပဲလို့ ဆိုပါတယ်။

Ref:cosmopolitan

Credit : http://www.trend.com.mm/2015/07/27/news-7269



Follow us on