1. Home
  2. Movie Stars - Celebrity

တစ်သက်လုံး Expire မဖြစ်ဘူး အမြဲတမ်းဖလန်းဖလန်းပဲဆိုတဲ့ ရွှေအိမ်စည်

Movie Stars - Celebrity ส.ค. 30, 2561 view 1,493

အလှမယ်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ပွင့်လင်းရိုးသားတဲ့ စကားပြောဟန်တွေနဲ့ ထက်မြတ်ပြီးသွက်လက်တက်ကြွတဲ့ ပင်ကိုယ်အရည်အသွေးကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက် ချစ်ခင်အားပေးမှုတွေကိုရရိထားသူလေးဖြစ်ပါတယ်။ အလှမယ်တစ်ယောက်ပီပီ အဆီအပိုအလိုမရှိ ကျစ်လစ်လှပတဲ့ခန္တကိုယ်အချိုးအစားနဲ့အတူ ပြေပြစ်လှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အပြစ်ဆိုစရာမရှိအောင်လှပသူလေးဖြစ်တာကြောင့်လဲ ပရိသတ်တွေက သဲသဲလှုပ်ချစ်နေကြရသူလေးတစ်ဦးဖြစ်ပါတယ်။ ဘယ်လိုဖက်ရှင်မျိုးကိုမဆို အမြဲဆွဲဆောင်မှုရှိရှိဝတ်စားသူလေးရွှေအိမ်စည်ကတော့ ချစ်သူရှိသူတစ်ယောက်ဖြစ်ပေမယ့် တစ်ယောက်တည်းနေရတာကို ပိုပြီးခုံမင်နှစ်သက်သူလေးဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်နှစ်သက်တဲ့ အိမ်စည်တစ်ယောက် ရည်းစားရှိပေမယ့် ယူဖို့ကတော့အဝေးကြီးပါဆိုပြီး အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပါတယ်။   

ချစ်သူရှိတဲ့ရွှေအိမ်စည်တစ်ယောက် ဘယ်တော့လက်ထက်ဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး “အိမ်စည်ကလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေတတ်သူဆိုတော့လေ အဲ့တာတွေပြောရင်လဲ အပြောခံရဦးမယ်။ အိမ်စည်က အသက်ငယ်သေးတော့ ကိုယ့်မှာကြိုးစားခွင့်တွေ၊ လုပ်ခွင့်တွေ အများကြီးရှိသေးတယ်။ တစ်ခါတစ်လေကျရင် တွဲနေရင်းနဲ့တောင် ကိုယ်ကအေးအေးဆေးဆေးသမားဆိုတော့ တစ်ယောက်တည်းနေရတာကို အရမ်းသဘောကျတယ်။ ဘဲရှိတယ်ဆိုပြီးတော့ တစ်ခါတစ်လေကိုယ့်ကိုကိုယ် ပြန်စဉ်းစားပြီး တစ်ယောက်တည်းနေချင်တဲ့စိတ်တွေဖြစ်လာတယ်။ ယူဖို့ဆိုတာတော့ အဝေးကြီးပါ” ဆိုပြီးပြောကြားခဲ့ပါတယ်။

တစ်ယောက်တည်းနေရတာကို သဘောကျပြီး နဲနဲတစ်ကိုယ်ကောင်းဆန်တတ်တဲ့ပုံစံထဲပါတယ်ဆိုတဲ့အကြောင်းကို “ပြဿနာဖြစ်ဖြစ်၊ မဖြစ်ဖြစ် တစ်ယောက်တည်းနေရတာကို ပိုသဘောကျတယ်။ နဲနဲတော့ Selfish ဖြစ်တာပေါ့နော်။ ကိုယ်အချိန်ရှိရင်တော့ အတူလျှောက်သွားမယ်၊ လာမယ်။ ကိုယ်မအားရင်တော့ ဖုန်းမဆက်နဲ့ အဲ့လိုနဲနဲ selfish ဖြစ်တဲ့ ပုံစံထဲပါတာပေါ့နော်...” လို့လဲ ဆိုထားပါသေးတယ်။

မိန်းကလေးတွေကဘယ်အရွယ်မှာ Expired ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီးလဲ “ဒီနိုင်ငံမှာက အသက်ဘယ်လောက်ကျော်ရင် မိန်းမတစ်ယောက်က Expired ဖြစ်သွားပြီဆိုတဲ့ အတွေးမျိုးရှိတယ်။ အိမ်စည်ကတော့ တစ်သက်လုံး expire မဖြစ်ဘူး အမြဲတမ်းဖလန်းဖလန်းပဲ” ဆိုပြီး စနောက်ကာ ဖြေဆိုထားတာဖြစ်ပါတယ်။ အိမ်စည်ကတော့ တကယ်ကိုပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းသူလေးတစ်ဦးပါပဲနော်...

ရွှေအိမ်စည်ဟာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တယ့် Miss Golden Land Myanmar ပြိုင်ပွဲကြီးကို ရခိုင်ပြည်နယ်ကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational 2018 ဆုကိုထိုက်ထိုက်တန်တန်ရရှိသွားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပိုလန်နိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့ Miss Supranational ပြိုင်ပွဲကြီးအတွက် မြန်မာ့ဂုဏ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးလေ့ကျင့်ကြိုးစားနေလျက်ရှိပါတယ်....

 

Source_Myanmarcelebrity

 



Follow us on