1. Home
  2. Movie Stars - Celebrity

မင်္ဂလာသက်တမ်း (၃၇) နှစ်ပြည့်သွားပြီဖြစ်တဲ့ ကျော်သူတို့ဇနီးမောင်နှံ

Movie Stars - Celebrity ส.ค. 31, 2561 view 1,765

တစ်ချိန်က မြန်မာ့အနုပညာလောကမှာ အောင်မြင်ထင်ရှားကျော်ကြားခဲ့တယ့် ၀ါရင့်ရုပ်ရှင်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်ပြီး လက်ရှိမှာနာရေးကူညီမှုအသင်းကြီး၏ ဥက္ကဌအဖြစ်ထမ်းဆောင်နေတဲ့ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ကတော့ ယနေ့သြဂုတ်လ (၃၁)ရက်နေ့မှာ မင်္ဂလာသက်တမ်း (၃၇)နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ လင်နဲ့မယား လျှာနဲ့သွားဆိုသလို ရှေ့သွားနောက်လိုက်ညီစွာလိုက်ဖက်လွန်းတဲ့ ဦးကျော်သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ယနေ့မှာကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို နာရေးကူညီမှုအသင်းကြီးတွင် အလှူအတန်းများဖြင့် ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဦးကျော်သူမှလဲ မင်္ဂလာနှစ်ပတ်လည်နေ့လေးနဲ့ပတ်သက်ပြီး “မင်္ဂလာပွဲ အောင်မြင်ခဲ့ပါပြီ။

ပရဟိတသားသမီးညီနောင်များရဲ့စည်းလုံးညီညွတ်မှုကိုပြသလိုက်တဲ့(၃၇)နှစ်ပွဲအောင်မြင်ခဲ့ပါပြီ။

အားလုံးသောပရဟိတညီနောင်များ၊၀န်ထမ်းများ၊မိတ်ဆွေများ၊အလှူရှင်များအားလုံးကို နှလုံးသားထက်မှလှိုက်လှဲစွာကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်ရှေ့ဆက်၍အများပြည်သူအကျိုးကို ယခုမင်္ဂလာပွဲလေးကျင်းပခဲ့သလို စည်းလုံးညီညွတ်စွာပေးဆပ်ကြပါစို့ဟု တိုက်တွန်းမိပါသည်။” ဆိုကာ အမှတ်တရစကားလေးဆိုရင်း ကြည်နှုးစရာအမှတ်တရပုံရိပ်လေးများကို သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေရေးသားထားတာဖြစ်ပါတယ်။

ထိုပို့စ်လေးရဲ့အောက်မှာတော့ ချစ်ခင်သူပရိသတ်တွေက ဆုတောင်းစကားလေးတွေကို ဝေေ၀ဆာဆာတောင်းဆုခြွေပေးထားကြတာကိုလဲတွေ့ရပါတယ်။ ဦးကျော်သူတို့ရဲ့ အိမ်ထောင်ရေးကတော့ အများကအားကျစံထားလောက်စရာပါပဲနော်…. ကြည်နူးစရာအပြည့်နဲ့ပုံရိပ်လေးတွေကိုလဲ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်…

 

 

 



Follow us on