1. Home
  2. Movie Stars - Celebrity

နေကြာပန်းလေးတွေက အချစ်ရဲ့သက်သေဖြစ်ခဲ့တယ်ဆိုတဲ့ စမိုင်းလ်

Movie Stars - Celebrity ก.ย. 03, 2561 view 2,070

တစ်ချိန်က အနုပညာလောကထဲမှာ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ခဲ့ပြီး ကုလားဆင်ရုပ်ရည်လေးနဲ့ ဆွဲဆောာင်မှုရှိခဲ့သူ သရုပ်ဆောင်စမိုင်းလ်ဟာ လက်ရှိမှာတော့ တည်ငြိမ်အေးချမ်းတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေကိုနားကာ နိုင်ငံခြားမှာသွားရောက်နေထိုင်ခဲ့ပြီး အမိမြေကိုပြန်လာချိန်ထိ ပရိသတ်တွေကအချစ်မလျော့ပဲ ချစ်နေကြဆဲပဲဖြစ်ပါတယ်။  

ဆံပင်စတိုင်လေး change ကာ လင်းလက်လှပနေတဲ့ စမိုင်းလ်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံကို သူမရဲ့ချစ်ခင်ပွန်းနဲ့အတူရောက်ရှိလို့နေပါတယ်။ အားလပ်ရက်လေးမှာ ခင်ပွန်းနဲ့အတူအပန်းဖြေလည်ပတ်နေတဲ့သူမက နေကြာပန်းခင်းကြီးထဲမှာ လှလှလေးဓာတ်ဖမ်းရင်း နေကြာပန်းလေးတွေနဲ့ပတ်သက်တဲ့ အမှတ်တရလေးတစ်ခုကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရင်ဖွင့်ရေးသားခဲ့တာဖြစ်ပါတယ်။

“မောင့်ကိုအဖြေပေးတုန်းက နေကြာပန်း ၇ပွင့်နဲ့ ကြာပန်း ၇ ပွင့်ယူလာရင်အဖြေပေးမယ်ပြောခဲ့တယ်.. နေကြာပန်းလေးတွေက ကျမတို့ရဲ့ချစ်သက်သေလေးတွေ” ဆိုပြီး သူမအတွက် နေကြာပန်းလေးတွေက အချစ်ရဲ့သက်သေဖြစ်ခဲ့ပုံလေးကိုရေးသားကာ “နေကြာလေးတွေကချစ်သက်သေဆိုတော့ ပန်းထဲမှာအကြိုက်ဆုံးပန်းပဲ... အဲ့တော့မထူးဘူးခိုးကွာ ရန်ကုန်မှာစိုက်ဖို့ ဟိဟိ”  ဆိုပြီး အကြိုက်ဆုံးပန်းလေးဖြစ်နေကြောင်းကိုလည်း စစနောက်နောက်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ ဘယ်လိုတောင် ရိုမန့်တစ်ဆန်လိုက်လဲနော်...  နေကြာခင်းထဲ ပြုံးပျော်နေတဲ့ စမိုင်းလ်ရဲ့ပုံလေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်...

 



Follow us on