1. Home
  2. Special or Others

နှုတ်ခမ်းမှာ တက်တူးမထိုးကြဖို့ အရေပြားဆရာဝန်များ အရေးပေါ်သတိပေး

Special or Others ก.ย. 03, 2561 view 2,077

ဝါသနာပါလို့ တက်တူးထိုးကြသူတွေကို ခန္ဓာကိုယ်ရဲ့ ကြိုက်တဲ့နေရာမှာ ထိုးနိုင်ပါတယ် ဒါပေမယ့် နှုတ်ခမ်းမှာတော့ လုံးဝမထိုးကြဖို့ အရေပြားဆရာဝန်တွေက ပြည်သူအများသိရှိအောင် သတိပေးပြောကြားလိုက်ပါတယ်။

ယခုခေတ်မှာ အလှအပနဲ့ပက်သက်ပြီး မျက်နှာခွဲစိတ်ပြုပြင်မှုနဲ့အတူ နှုတ်ခမ်းကို မိမိစိတ်ကြိုက်အရောင်ရဖို့ အရောင်သွင်း တက်တူးထိုးတာတွေ ခေတ်စားလာနေပါတယ်။ ယင်းကဲ့သို့ အရောင်သွင်းတက်တူးထိုးပြီးနောက် မသန့်ပြန့်၍ဖြစ်စေ၊ ဓါတ်မတည့်၍ဖြစ်စေ ဘက်တီးရီးယား ပေါက်ပွားနိုင်ပြီး ပိုးဝင်ကာ ရောဂါဖြစ်ပွားလာပါက ကုသရန် အလွန်ခက်ခဲ့ကြောင်း ထိုင်းနိုင်ငံ အရေပြားရောဂါဌါနမှ ဒေါက်တာ နိုပါဒိုလ်နော့ပ်ခွန် က ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုးနှုတ်ခမ်းကို မိမိစိတ်ကြိုက် အရောင်သွင်းပေမယ့် ကိုယ့်နှုတ်ခမ်းရဲ့ ပင်ကိုယ်အရောင်ပေါ်မူတည်ပြီး အတိအကျအရောင်က ရချင်မှ ရကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ တက်တူးထိုး အသုံးအဆောင်ပစ္စည်းကြောင့်ဖြစ်စေ၊ တက်တူးထိုးပြီးနောက် နှုတ်ခမ်းကို စနစ်တကျ ဂရုမစိုက်နိုင်လို့ဖြစ်စေ ပိုးဝင်နိုင်ပါတယ်။

အကယ်၍ ပိုးဝင်ပြီဆိုပါက ကုသရခက်ပြီး တက်တူးထိုးထားတဲ့ ဆေးရည်တွေအားလုံးကို စုပ်ထုတ်ပစ်ဖို့လိုပါတယ်၊ ဒါပေမယ့် ဆေးရည်တွေစုပ်ထုတ်ဖို့က အချိန်အတော်ကြာကြာလိုအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ နှုတ်ခမ်းနီနဲ့သာ စိတ်ကြိုက်အရောင်ရအောင် အလှပြင်သင့်ပြီး တက်တူးထိုးအရောင်သွင်းခြင်းကို မပြုလုပ်ကြဖို့ အရေးတစ်ကြီး သတိပေးတားမြစ်လိုက်ခြင်းဖြစ်သည်။
 



Follow us on