1. Home
  2. Movie Stars - Celebrity

ချစ်သူရဲ့ယုယကြင်နာမှုတွေကို ထပ်ပြီးပြသလိုက်တဲ့ ရွှေမှုန်ရတီ

Movie Stars - Celebrity ก.ย. 04, 2561 view 1,872

ရွှေရွှေချင်းထပ်ရင် မြတ်တယ်ဆိုတဲ့ စကားလေးကို သက်သေပြလိုက်ကြတဲ့ အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင်ရွှေမှုန်ရတီတို့ကတော့ ချစ်သူရည်းစားဖြစ်ကာစ စုံတွဲလေးဖြစ်ပါတယ်။ ဝေဖန်မှုတွေများစွာခံနေရပေမယ့် ဘယ်အရာမှဂရုမစိုက်ပဲ အချစ်ကိုသာကိုးကွယ်နေကြတဲ့ သူတို့စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက် ရိုမန့်တစ်တွေဆန်ပြီး ချစ်မ၀ဖြစ်လို့နေကြပါတယ်။ ချစ်သူတွေဖြစ်နေကြောင်း ပရိသတ်တွေကိုအသိပေးပြီးနောက်မှာတော့ ရွှေမှုန်ရတီက သူမရဲ့ Instagram မှာ ချစ်သူဖြစ်သူရဲ့ဂရုစိုက်မှုတွေကို အမှတ်တရလေးအဖြစ်တင်လာတာကိုတွေ့ရပါတယ်။

သမီးရည်းစားဖြစ်ကာစစုံတွဲလေးတွေရဲ့ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်ချစ်မ၀ဖြစ်နေကြတဲ့ သူတို့စုံတွဲဟာ ပျော်ရွှင်စွာလည်ပတ်စားသောက်ရင်း ချစ်သူဖြစ်သူမှ ဂရုတစိုက်နဲ့မုန့်ခွံ့ကျွေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ရွှေမှုန်ရတီက သူမရဲ့IG မှာမနေ့ကတင်ခဲ့တာဖြစ်ပါတယ်။ သိပ်မကြာခင်သေးခင်ကလဲ ညီမဖြစ်သူငွေမှုန်ရတီက ရွှေစုံတွဲနဲ့အတူ ပျော်ရွှင်စွာလည်ပတ်နေကြတဲ့ပုံရိပ်တွေကို တင်ခဲ့ပါသေးတယ်။ ရွှေစုံတွဲလေးတို့ချစ်နေပုံကတော့ ကြည်နူးစရာအပြည့်ပါပဲနော်... ရွှေထူးတစ်ယောက် ရွှေမှုန်ကိုဘယ်လိုတောင်ချစ်နေလဲဆိုတာ ဗီဒီယိုလေးမျှဝေပေးလိုက်ပါတယ်နော်....

 



Follow us on