1. Home
  2. Movie Stars - Celebrity

မင်းဒဿသာ အနားမှာရှိရင်ကျေနပ်ပြီဆိုတဲ့ စံရတီမိုးမြင့်

Movie Stars - Celebrity ก.ย. 04, 2561 view 2,093

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်ထားသူလေးဖြစ်ပြီး ပုရိဿတွေရဲ့အသဲကိုပါလှုပ်ခါနိုင်သူလေးလဲဖြစ်ပါတယ်။ Gym ဆော့ကာဝိတ်ချလိုက်ပြီးတဲ့နောက် စွဲမက်ဖွယ်ကျစ်လစ်သေးသွယ်တဲ့ဘော်ဒီလေးနဲ့ ပိုလို့လှလာတဲ့ စံရတီလေးက ထိုင်မသိမ်းဝတ်စုံလေးနဲ့အလွန်ကိုလှပလို့နေပါတယ်။

အဖြူရောင်ထိုင်မသိမ်းလေးနဲ့လှနေတဲ့ စံရတီက ရာမမင်းသားထက် မင်းဒဿလိုလူမျိုကိုသာလိုအပ်ကြောင်းကို “ရာမ မင်းသား ရှိစရာမလိုဘူး..  ကိုယ့်ကိုတကယ်ချစ်တဲ့ မင်းဒဿအနားမှာရှိရင်ကျေနပ်ပြီ...” ဆိုတဲ့စာသားလေးနဲ့အတူ ဒီဇိုင်နာကောင်းမြတ်ရဲ့ထိုင်မသိမ်းဝတ်စုံလေးအတွက် ဒဿဂီရိရဲ့မယ်သီတာလေးအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါတယ်။ မယ်သီတာလေးတစ်ဖြစ်လဲ စံရတီမိုးမြင့်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

 

 



Follow us on