1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေမြင်ချင်နေတဲ့ သားလေးရဲ့ပုံကိုပြသလိုက်တဲ့ ယွန်းဝတီလွင်မိုး

Movie Stars - Celebrity ก.ย. 06, 2561 view 1,757

သရုပ်ဆောင်မင်းသားကြီး လွင်မိုးနဲ့ ဇနီးဒေါ်မေသူတို့ရဲ့ သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ အဖေနဲ့အမေနှစ်ယောက်ရဲ့ လှပတဲ့ရုပ်ရည်ကို အမွေဆက်ခံထားတဲ့သမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသူလေးမို့ ပရိသတ်တိုင်းချစ်ကြရတဲ့ ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာတော့ မိခင်တစ်ယောက်ဖြစ်သွားပြီပဲဖြစ်ပါတယ်။ သူမဟာ သားယောကျာ်လေးကို မွေးဖွားခဲ့တာဖြစ်ပြီး သားလေးရဲ့နာမည်ကိုတော့ Liam လေးလို့မှည့်ထားပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့က သြစတျေးလျနိုင်ငံမှာပဲ မွေးဖွားခဲ့တယ့် သားသားလေး Liam ကတော့ ယနေ့မှာ (၁) လပြည့်သွားပြီပဲဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ Liam လေး (၁) လပြည့်တဲ့နေ့လေးမှာ ပရိသတ်တွေအရမ်းတွေ့ချင်နေကြတဲ့ ချစ်စရာကောင်းတဲ့သားလေးရဲ့ ပုံကိုပြသလိုက်ပြီပဲဖြစ်ပါတယ်။ “Happy one month my baby…i love you more than I can say” ဆိုပြီး သားလေးရဲ့ပုံလေးနဲ့အတူ သားလေးကို ဘယ်လောက်ချစ်ကြောင်းရေးသားထားတာပဲဖြစ်ပါတယ်။ အမေကလဲ ချောသလို သားလေးကလည်း ချစ်စရာကောင်းနေတာပဲနော်... Liam လေးရဲ့ပုံကိုကြည့်ပြီး ဖိုးဖိုးလွင်မိုးနဲ့တူသလားဆိုတာလဲ ပရိသတ်ကြီးကဆုံးဖြတ်ပေးသွားပါဦးနော်...  

အောက်တိုဘာလမှာ အသက် (၂၀) ပြည့်တော့မှာဖြစ်တဲ့ ယွန်းဝတီလွင်မိုးဟာ သူမရဲ့ချစ်သူထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပြီးနောက် သြစတျေးလျနိုင်ငံမှာပဲ ကျောင်းတက်ရင်းနေထိုင်နေတာဖြစ်ပြီး Liam လေး လေယာဉ်စီးနိုင်တဲ့အချိန်ကျမှ မြန်မာနိုင်ငံကိုပြန်လာလည်မယ်လို့သိရပါတယ်။ ပရိသတ်တွေကြီးလဲ မြင်ချင်နေတာကြာပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေး Liam ပုံလေးကိုတွေ့လိုက်ရလို့ ကျေနပ်မိမယ်လို့ထင်ပါတယ်။ ယွန်းလေးကို ချစ်သလို ချစ်စရာကောင်းတဲ့ Liam လေးကိုလဲ အချစ်တွေတိုးပြီးချစ်ပေးလိုက်ကြပါဦးနော်...

 



Follow us on