1. Home
  2. Movie Stars - Celebrity

အချစ်ရေးက Single ပြန်ဖြစ်သွားပြီဆိုတဲ့ သင်ဇာဝင့်ကျော်

Movie Stars - Celebrity ก.ย. 10, 2561 view 2,008

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ လှပချောမောတဲ့ရုပ်ရည်လေးသာမက ကျစ်လစ်ပြီး အဆီပိုမရှိတောင့်တင်းကျန်းမာတဲ့ ခန္တာကိုယ်အချိုးအစားကိုပါပိုင်ဆိုင်ထားတဲ့ ပြည့်စုံလွန်းသောအလှပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ အမြဲကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ လွတ်လပ်ပွင့်လင်းစွာနေထိုင်တတ်သူဖြစ်တဲ့သင်ဇာက သူမရဲ့လှပတဲ့ခန္တာကိုယ်ကို Gym ဆော့ကာထိန်းသိမ်းလေ့ရှိသူလေးပါ။

မကြာခဏဆိုသလိုလဲ Sexy ကျကျဖက်ရှင်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့သူမရဲ့အလှတို့ကို ပရိသတ်တွေကြား ချပြလေ့ရှိတဲ့သင်ဇာဝင့်ကျော်က အချစ်ရေးပိုင်မှာတော့ သိုသိုသိပ်သိပ်နေတတ်သူတစ်ယောက်ပါ။ ချစ်သူကိုတရားဝင်ချပြခြင်းမရှိသလို အချစ်ရေးအကြောင်းတွေကို ဖွင့်ပြောလေ့မရှိတဲ့သင်ဇာက လက်ရှိမှာတော့ ချစ်သူနဲ့လမ်းခွဲပြတ်စဲကာ Single တစ်ယောက်ဖြစ်သွားပြီလို့ဆိုပါတယ်။ ချစ်သူက Sexy ပုံစံတွေဝတ်စားတာမကြိုက်တာကြောင့်လဲ လမ်းခွဲလိုက်တာပါဆိုပြီး သူမရဲ့အချစ်ရေးအကြောင်းကို အင်တာဗျူးတစ်ခုမှာဖြေဆိုထားတာဖြစ်ပါတယ်။

“အချစ်ရေးကတော့ အခု Single ဖြစ်သွားပြီပေါ့နော်။ အဓိကက Distance relationship ဆိုတော့ ညှိယူရတာတွေက နောက်ပိုင်းသိပ်အဆင်မပြေတော့တာပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေမပေးနိုင်တော့တဲ့အခါကြတော့ ဘယ်လိုမှရှေ့ဆက်ဖို့မဖြစ်တော့လို့ လမ်းခွဲလိုက်တာပေါ့နော်။ သူက Sexy ပုံစံတွေဝတ်ပြီးရိုက်ရင်လုံးဝမကြိုက်ဘူး။ ဒါပေမယ့် ကိုယ်ကကျ အစထဲကမင်းသမီးလေ။ သူကိုယ့်ကိုစကြိုက်တဲ့ အချိန်ထဲကမင်းသမီးပဲဆိုတော့ ဒါတွေကိုအစကတော့ နားလည်ပေးပါတယ်။ နောက်ပိုင်းကျတော့ သင်ဇာကအပြောဆိုခံရတာများတဲ့အချိန်မှာ သူလဲကိုယ့်ဘက်ကနာလို့ထင်ပါတယ်။ လုံးဝ ဒီလို Sexy ပုံစံတွေမရိုက်ဖို့တားတယ် လုံးဝမရိုက်နဲတော့ဆိုပြီး။ ဒါမဲ့ အကြောင်းအမျိုးမျိုးကြောင့်ရိုက်ဖြစ်တဲ့အခါမှာ ဒီကိစ္စကဘယ်လိုမှညှိယူလို့မရတော့လို့ အဲ့တာကြောင့်ပါ” ဆိုပြီး ချစ်သူနဲ့ လမ်းခွဲဖြစ်ရတဲ့အကြောင်းကိုဖြေဆိုထားခဲ့တာဖြစ်ပါတယ်။

Single ဖြစ်သွားပေမယ့်လဲ ကွင်းလုံးကျွတ်အပျိုကြီးတော့မဖြစ်သေးဘူးဆိုတဲ့အကြောင်းကို “ကွင်းလုံးကျွတ်အပျိုကြီးလို့တော့ ပြောလို့မရသေးဘူး။ ဒီလိုပါပဲ အကြောင်းလေးတွေရှိတာပေါ့။ ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေကများတော့လဲ စဉ်းစားရမယ့်သူတွေရှိတယ်။ တန်းစီနေတာပဲ။ ခါတောင်ချနေရတယ်” ဆိုပြီး ရယ်မောပျော်ရွှင်စွာနဲ့ ပြောဆိုထားပါသေးတယ်။

ဆက်လက်ပြီး သူမထားထားတဲ့စံနှုန်းပုံစံနဲ့ပတ်သက်ပြီး “ အဓိက ကိုယ့်ကိုစိတ်ချမ်းသာအောင်ထားရမယ်။ ကိုယ့်ကိုဂရုစိုက်ရမယ်။ အလိုလိုက်ရမယ်။ ကိုယ့်မိဘတွေကို ကိုယ်ချစ်သလိုချစ်ရမယ်။ ကိုယ့်မိဘတွေကိုယ့်ကိုစိတ်ချမ်းသာအောင်ထားသလို တစ်ဘ၀လုံးကိုယ့်ကိုစိတ်ချမ်းသာအောင်ထားနိုင်တဲ့သူမျိုးဖြစ်ရမယ်။ ပြီးရင် ရုပ်ချောရမယ်။ အရပ်ရှည်ရမယ်။ ဗလတောင့်ရမယ် အဲ့လိုမျိုးတွေပေါ့” ဆိုပြီး သူမစံညွှန်ထားထားတဲ့ ချစ်သူရဲ့ပုံစံကိုပြောပြခဲ့ပါတယ်။

အပျိုကြီးမမ သင်ဇာကတော့ Single ရာထူးကိုပြန်ရသွားပြီနော်။ သင်ဇာဝင့်ကျော်ဟာ သူမရဲ့အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေလျက်ရှိပြီး ပရိသတ်တွေအတွက်လဲ အကောင်းဆုံးအနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေသူဖြစ်ပါတယ်။

 

Source_Myanmar Celebrity

 



Follow us on