1. Home
  2. Movie Stars - Celebrity

အလွန်ရှက်တတ်သော အဆိုတော်လေးနဲ့အတူ ကြော်ငြာရိုက်နေတယ်ဆိုတဲ့ ပိုးကြာဖြူခင်

Movie Stars - Celebrity ก.ย. 10, 2561 view 2,118

MRTV 4 ရဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားရေပန်းစား အောင်မြင်ကျော်ကြားလာတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ ယဉ်စစမျက်နှာလေးနဲ့ လှပလွန်းသူလေးဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်အောင် အကောင်းဆုံးကြိုးစားနေတဲ့သူမက ပရိသတ်ရဲ့အချစ်တွေကိုလည်း အပြည့်အ၀ရရှိထားသူလေးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေပြီဖြစ်တဲ့ ပိုးကြာဖြူခင်က Myanmar Idol Season 3 ရဲ့ winner ဖြိုးမြတ်အောင်နဲ့အတူ ပြက္ခဒိန်ကြော်ငြာကိုရိုက်ကူးခဲ့ပါသေးတယ်။

ဖြိုးမြတ်အောင်နဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးကိုမျှဝေရင်း ချစ်စရာကောင်းတဲ့ Caption လေးကိုပါရေးသားခဲ့ပါတယ်။ “ဖြိုးမြတ်အောင်နဲ့ ပြက္ခဒိန်ရိုက်…. သူနဲ့ ကျမ အသက်ရွယ်တူ ဆိုတာ ဒီနေ့မှ သိတော့တယ်… အလွန်ရှက်တတ်သော အဆိုတော်လေး” ဆိုပြီး ဖြိုးမြတ်အောင်ရဲ့အရှက်အကြောက်ကြီးပုံလေးကို သဘောကျစွာရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကြော်ငြာအတူတူရိုက်ကူးနေတဲ့ ဖြိုးမြတ်အောင်နဲ့ ပိုးကြာဖြူခင်ရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။  

 



Follow us on