1. Home
  2. Myanmar News

အိမ်ဖော်မိန်းကလေး (၉)လွှာမှ ခုန်ချသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရန်စစ်ဆေး

Myanmar News ก.ย. 11, 2561 view 1,530

စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်ခန့်တွင် ပုစွန်တောင်မြို့နယ်၊ ဗန္ဓုလတာဝါ (၉)လွှာမှ အိမ်အကူအမျိုးသမီးငယ်လေးတစ်ဦး ဝရန်တာမှ ခုန်ချသေဆုံးသွားမှုအား အမှုမှန်ပေါ်ပေါက်စေရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပုစွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓုလတာဝါ၊ တိုက်အမှတ် (စီ/၉လွှာ) အခန်းအမှတ် (၉၀၃) တွင် လွန်ခဲ့သော တစ်လခန့်က အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အသက် (၁၆) နှစ်အရွယ် မခိုင်သဉ္ဇာ သည် အဆိုပါနေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အိမ်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော် မှ သူမ၏ ပိုက်ဆံအိတ် ပျောက်ဆုံးသည့်ကိစ္စအား မေးမြန်ရာမှ စိတ်ဆိုးပြီး တိုက်ခန်းဝရန်တာပေါ်မှ ခုန်ချသွားခဲ့ကြောင်း ဒေါ်ဝင်းသီရီကျော် မှ ရဲအဖွဲ့အား ထွက်ဆိုခဲ့သည်။

တိုက်ခန်း (၉)လွှာမှ ခုန်ချခဲ့မှုကြောင့် မခိုင်သဉ္ဇာ မှာ လမ်းမပေါ်တွင် ပက်လက်အနေအထားဖြင့်
ဝဲဘက်တံတောင် ပွန်းပဲ့ဒဏ်ရာ၊ ယာလက်မောင်း ပွန်းပဲ့ဒဏ်ရာ၊ မေးစေ့ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာခြေသလုံးပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

သေဆုံးမှုနဲ့ ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးမှု ဟုတ်/မဟုတ် ကို ပုစွန်တောင် မြို့မရဲစခန်းမှ သေမှုသေခြင်းရေးဖွင့်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

REF- YangonPolice
 



Follow us on