1. Home
  2. Myanmar News

သင်္ချိုင်းထဲမှာ တွေ့ခဲ့ရသော အလာင်းနှစ်လောင်း သတ်ဖြတ်သူ တရာခံများ ဖမ်းဆီးရမိ

Myanmar News ก.ย. 11, 2561 view 1,852

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မန္တလေးတိုင်း၊ အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းရွာ ရှိ ရွာပြင်သင်္ချိုင်းတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင် ရိုက်နှက်ခံထားရပြီး လာရောက်စွန့်ပစ်ထားသော ပိုင်ရှင်မဲ့ အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိခဲ့သည်။

အဆိုပါအမှုကို အမရပူရမြို့မ ရဲစခန်းက (ပ)၄၃၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းကာ ဆက်လက်စုံစမ်းစစ်ဆေးခဲ့သည်။

ပတ်ဝန်းကျင်ရွာသားများ၏ ပူးပေါင်းကူညီမှုဖြင့် သေဆုံးသူများမှာ မြင့်စိုး (၅၉ နှစ်)၊ ကံသာရပ်၊ ဟင်္သာကျေးရွာအုပ်စု၊ အမရပူရမြို့နယ်နေသူနှင့် ရဲမြင့်(ခ)ရဲဝင်း (၄၉ နှစ်)၊ ပန်းဘဲမြောက်၊ ဟင်္သာကျေးရွာအုပ်စု၊ အမရပူရမြို့နယ် နေသူများဖြစ်ကြောင်းသိရှိခဲ့ရသည်။

ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူနှစ်ဦးနဲ့အတူ အမြဲအရက် တူတူသောက်စားလေ့ရှိသူ စိုင်းဝေကျော်(ခ)ရှမ်းလေး ၏ အပေါ်နှုတ်ခမ်းဝဲဘက်တွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်ဖျံတွင် ဖူးယောင်ဒဏ်ရာ၊ ခြေဖဝါးတွင် သွေးများပေနေသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် စစ်မေးခဲ့ရာမှ အမှုမှန်ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ၎င်းတို့အဖွဲ့နှင့် မြင့်စိုးနှင့် ရဲမြင့် (ခ) ရဲဝင်းတို့ သင်္ချိုင်းအတွင်း အရက်အတူသောက်နေစဉ် အရက်မူးလာပြီး တစ်ဖက်နှင့် တစ်ဖက်စကားများ ရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပြစ်မှုတွင် ပါဝင်ကျူးလွန်သူ စိုင်းဝေကျော်(ခ) ရှမ်းလေး၊ အောင်နိုင်ဦး၊ ကျော်ဇောဦးနှင့် ညီညီအောင်တို့အား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးရဲဌါနမှ သတင်းရရှိသည်။
 



Follow us on