1. Home
  2. Movie Stars - Celebrity

X-Men ရုပ်ရှင်မင်းသမီး အခွန်ရှောင်မှုဖြင့် ထိန်းသိမ်းခံရ

Movie Stars - Celebrity ก.ย. 11, 2561 view 1,951

တရုပ်နိုင်ငံရဲ့ ထိပ်တန်း နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ “ဖန်ဘင်ဘင်(Fan Bingbing)” ကို အခွန်ရှောင်မှုအတွက် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက စက်တင်ဘာလ ၆ ရက်နေ့က ထိန်းသိမ်းထားလိုက်ပြီကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ဖန်ဘင်ဘင်” ဟာ ယင်ရန်းစာချုပ် (ရလာသောငွေကြေးထက် အစိုးရကိုတင်ပြရန် လျော့ချုပ်သောစာချုပ်) ကို အသုံးပြုပြီး အခွန်ရှောင်ခဲ့တယ်လို့ သံသယရှိခံခဲ့ရသူဖြစ်ပါတယ်။ အဆိုပါစွပ်စွဲမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ဇွန်လမှစကာ ပရိသတ်မျက်စိရှေ့မှောက်ကနေ  ၃ လခန့် ကွယ်ပျောက်နေရာမှ သူမအား ထိန်းသိမ်းထားပြီဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဖန်ဘင်ဘင်” ၃၆ နှစ်ဟာ ၂၀၁၃ ခုနှစ်ကစပြီး တရုပ်နိုင်ငံက နာမည်ကျော်ရုပ်ရှင်မင်းသားမင်းသမီးများထက် နှစ်စဉ်ဝင်ငွေ ထိပ်ဆုံးက ရပ်တည်နေသူဖြစ်ကြောင်း ဖို့စ်(Forbes) မဂ္ဂဇင်းကြီးက ထုတ်ပြန်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်နှောင်းပိုင်မှာ အနုပညာလောကထဲဝင်ရောက်ခဲ့ပြီး ကွင်မင်းဆက်အကြောင်းရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ “My Fair Princess” ဇာတ်ကားနဲ့ ထင်ရှားလာခဲ့ပါတယ်။ အဲဒီနောက် သူမပါဝင်တဲ့ “Cell Phone” ဇာတ်ကားက ၂၀၁၃ ခုနှစ်မှာ အမြန်အစွန်းစံချိန် ထိပ်ဆုံးရောက်ခဲ့ပါတယ်။

“ဖန်ဘင်ဘင်” ဟာ တရုပ်ဇာတ်ကားများမှဦသာမက နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ ပြင်သစ်ဇာတ်ကား “Stretch” (၂၀၁၁)၊ ဒုတိယကမ္ဘာစစ်အဖြစ်အပျက် ကိုရီးယားစစ်ကား “My Way” (၂၀၁၁) နဲ့ ၂၀၁၄ ခုနှစ်မှာတော့ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “X-Men: Days of Future Past” ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူမကို အခွန်ရှောင်မှုနဲ့ အာဏာပိုင်တွေက ထိန်းသိမ်းထားသလို အခြားသော တရားမဝင် အဂတိလိုက်စားတဲ့ ကိစ္စအချို့မှာ ပါဝင်ပက်သက်မှုတွေရှိနေကြောင်း သံသယရှိထားခံရသူလည်းဖြစ်နေပါတယ်။ ပြစ်မှုထင်ရှားရင်တော့ တရားဝင်အပြစ်ပေးခံရမှာဖြစ်ပါတယ်။
 



Follow us on