1. Home
  2. Movie Stars - Celebrity

ချစ်သူကိုမြင်တာနဲ့ စိတ်ပဲကောက်ချင်နေတယ်ဆိုတဲ့ ရွှေမှုန်ရတီ

Movie Stars - Celebrity ก.ย. 12, 2561 view 2,229

လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့စုံတွဲလေးကတော့ ရွှေစုံတွဲလေးဖြစ်တဲ့ သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ အဆိုတော်ရွှေထူးတို့စုံတွဲလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ထင်ကြေးပေးချက်တွေနောက်မှ ချစ်သူဖြစ်နေကြောင်းကို အတိအလင်းချပြခဲ့ကြတယ့် ရွှေစုံတွဲလေးကတော့ လက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်မ၀နိုင်ဖြစ်လို့နေကြပါတယ်။ ရိုမန့်တစ်တွေဆန်လွန်းနေတဲ့ သူတို့အတွဲလေးကို သဘောတူချစ်ခင်အားပေးသူတွေရှိသလို ဝေဖန်ကြသူတွေလဲရှိပေမယ့် ဘယ်အရာကိုမှဂရုမစိုက်ပဲ အချစ်ကိုသာကိုးကွယ်နေကြသူတွေဖြစ်ပါတယ်။

အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်လွန်းတဲ့ ချစ်သူကြောင့် အရမ်းကိုပျော်ရွှင်နေတဲ့ ရွှေမှုန်ရတီက ချစ်သူရဲ့ကြင်နာယုယမှုတို့ကို အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်တို့ကနေ ပရိသတ်တွေကို မျှဝေကာ အသိပေးလေ့ရှိပါတယ်။ ချစ်သူကို ကလေးလေးတစ်ယောက်လို ချွဲ့နွဲ့တတ်သူလေး ရွှေမှုန်က ချစ်သူကိုမြင်တာနဲ့ စိတ်ပဲကောက်ချင်နေမိကြောင်းကို “သူ့မြင်ရင် စိတ်ပဲကောက်ချင်နေတယ်” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။ ချစ်သူရဲ့ဂရုစိုက်မှုတွေအောက်မှာ အရည်ပျော်နေတဲ့ရွှေမှုန်ကတော့ အချိန်ပြည့်အချော့ခံချင်နေပုံပါပဲနော်...

မကြာသေးခင်ရက်ပိုင်းက ကျရောက်ခဲ့တယ့် Annniversary နေ့လေးမှာ ရွှေထူးကလဲ “သူပျော်ရင် ကျွန်တော်ပျော်တယ်.. သူစိတ်ညစ်ရင်ကျွန်တော်စိတ်ညစ်တယ်.. ကျွန်တော်အဖြူစင်ဆုံးရိုးသားစွာသူမကိုပြောပြချင်တယ် ချစ်တယ်.. အရမ်းချစ်မိသွားတယ်…  အချစ်ကထူးဆန်းတယ် သူပစ်သွားမယ်ဆိုလည်းချစ်တယ်… သူမချစ်တော့လည်းချစ်မယ် အဲ့တာကျွန်တော့်ရဲ့အချစ်ပဲ… ကျွန်တော်အတွက်ဘာမှမလိုဘူးသူပျော်ရွှင်နေဖို့ပဲလိုတယ် သူပြုံးလိုက်ရင်ကျွန်တော်စိတ်ချမ်းသာတယ်” ဆိုပြီး ရွှေမှုန်ရတီပစ်သွားရင်တောင် ချစ်နေမယ်ဆိုပြီး အရမ်းချစ်တဲ့အကြောင်းကို ရေးသားခဲ့ပါသေးတယ်။

ရွှေထူးနဲ့ရွှေမှုန်ရတီတို့ တစ်ယောက်ကိုတစ်ယောက်ချစ်နေပုံကတော့ ပရိသတ်တွေအားကျလောက်အောင်ပါပဲနော်.. ရွှေမှုန်လေးကလဲ အငယ်လေးမို့ ချစ်သူကိုချွဲ့နွဲ့တတ်လွန်းသူလေးဖြစ်ပြီး ရွှေထူးကလဲ အကြီးပီပီ ချစ်သူကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်ဖြစ်နေတာကိုလဲ တွေ့ရပါတယ်။

 



Follow us on