1. Home
  2. Special or Others

တောလမ်းမှာ ကလေးမွေးပြီး ချက်ကြိုးကို ကျောက်ခဲနဲ့ထုဖြတ်ခဲ့ရတဲ့ မိခင်(ရုပ်သံ)

Special or Others ก.ย. 12, 2561 view 2,265

မြို့နဲ့အလှမ်းဝေးပြီး ဆေးပေးခန်း ဆေးရုံမရှိတဲ့ ဒေသရွာငယ်လေးတွေက ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကလေးမီးဖွားဖို့ဆိုရင် အမှန်တစ်ကယ် ဒုက္ခရောက်ကြပါတယ်။ “ယောက်ျားဖောင်စီး မိန်းမမီးနေ” ဆိုတဲ့ စကားပုံလို ကလေးမွေးတဲ့ကိစ္စဟာ ပစ္စည်းကရိယာပြည့်စုံတဲ့ နေရာမှာတောင် ရံဖန်ရံခါ အသက်နဲ့ရင်းရတတ်ပါတယ်။


အိန္ဒိယနိုင်ငံက အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦးဟာ ကလေးမွေးဖို့ ရွာကနေ ဆေးရုံကို သွားတဲ့လမ်းခရီးမှာ မအောင့်နိုင်တော့ပဲ စောစီးစွာ တောလမ်းဘေးမှာပဲ ခက်ခက်ခဲခဲနဲ့ ကလေးမွေးခဲ့ပါတယ်။ ချက်ကြိုးတန်းလန်းနဲ့ မွေးလာတဲ့ ကလေးကို သူမကိုယ်တိုင် လက်သည်နဲ့ ချက်ကြိုးဖြတ်ဖို့ ကြိုးစားပေမယ့် မရတာကြောင့် နောက်ဆုံမှာ ကျောက်ခဲနဲ့ ထုပြီးဖြတ်ခဲ့ပါတယ်။

သူမနဲ့အတူ အဖော်ပါလာတဲ့ မိသားစုဝင်တွေက ဘာမှကူညီနိုင်တာ မရှိပဲ အဖြစ်ပျက်အားလုံးကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ချက်ကြိုးပြတ်သွားပြီးနောက်မှာ ကလေးကို စောင်နဲ့ထုတ်ပြီး နှစ်မိုင်ခန့်ဝေးတဲ့ ရွာကိုပဲပြန်လာခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကို သူ့တို့ရွာကလူတွေ သိအောင်ပြန်လည် ဝေမျှခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါရုပ်သံ အွန်လိုင်းမှာ ပျံ့သွားခဲ့ပြီး အစိုးရဘက်မှ တာဝန်ရှိသူတွေ သူတို့အိမ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီနောက် မိခင်နဲ့ ကလေးကိုစောင့်ရှောက်ပေးဖို့ အစီစဉ်တွေလုပ်ဆောင်ခဲ့သလို အဆိုပါရွာနဲ့ မြို့ကို လမ်းဖောက်လုပ်ပေးဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရှိရသည်။

 

သတင်းရုပ်သံ - DailyMail
 



Follow us on