
စက်တင်ဘာလ ၁၅ ရက်နေ့က မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ညီမဖြစ်သူအား ဖခင်မှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း အကြီးဆုံးသမီးမှ လာရောက်တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မိဘနှစ်ပါးရန်ဖြစ်ရာမှ သမီးအကြီးဖြစ်သူ မမိုးမိုးအေးက ညီမဖြစ်သူအား ဖခင်ဖြစ်သူ သန်းဦး မှ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ကြားသိခဲ့ရသဖြင့် ညီမဖြစ်သူ မထွေးထွေးခင် (၁၃ နှစ်) အား ခေါ်ယူမေးမြန်းရာမှ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့ကြောင်း အဖြစ်မှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပထမအကြိမ် စတင်အဓ္ဓမပြုကျင့်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ်၊ ဇွန်လတွင် တတိယအကြိမ်အဖြစ် ပြုကျင့်ခဲ့ပြီး ပြန်ပြောပါင သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပြန်မပြောရဲခဲ့ကြောင်း မထွေးထွေးခင် က ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။

သမီးအရင်းအား သားမယားအဖြစ် အဓ္ဓမအကြိမ်ကြိမ်ပြုကျင့်ခဲ့သူ ဦးသန်းဦး(ခ)ဂျာဂျာမာရှာ (၅၉ နှစ်) အား တောင်ရှည်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ် - မြတ်ထွဋ်(မြိတ်)
comment