
မြန်မာနိုင်ငံရဲ့အနုပညာဂီတလောကမှာ လူသိများအောင်မြင်ထင်ရှားကျော်ကြားသူတစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ အသဲကွဲသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ၀င်ရောက်နေရာယူနိုင်ခဲ့သူဖြစ်ပါတယ်။ အသံအားကောင်းကောင်းနဲ့ မြူးကြွတဲ့ကိုယ်ပိုင်သီချင်းသံစဉ်တွေကိုဖန်တီးပြီး အမိုက်စား MTV ရိုက်ကူးချက်တွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူမက Gym ဆော့ပြီးဝိတ်ချကာ ဆွဲဆောင်မှုပိုလာသူလေးလဲဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုပိုပြီး လှလာတာနဲ့အမျှ သူမရဲ့ဖက်ရှင်စတိုင်တွေကလည်း ပိုပိုပြီးအလန်းလေးဖြစ်လို့လာတာကိုတွေ့ရပါတယ်။


ပုရိဿတွေသာမက မိန်းကလေးပရိသတ်တွေကပါ ၀န်းရံအားပေးကြရတဲ့ အဆိုတော်ပိုပိုကတော့ လက်ရှိမှာသူမရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီးဝေဖန်ပြောဆိုမှုတွေ ခံနေရတာကိုတွေ့ရပါတယ်။ မကြာသေးမီရက်ပိုင်းကထွက်ရှိထားတဲ့ သူမရဲ့ MasterPiece DVD Album အတွက် စက်တင်ဘာလ (၁၆)ရက်နေ့က မန္တလေးမှာ လက်မှတ်ရေးထိုးဖျော်ဖြေပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အလန်းလွန် အလွန်လန်းတဲ့သူမရဲ့ဖက်ရှင်ကြောင့် ဝေဖန်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ထိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးအဆိုတော်ပိုပိုကတော့ တုံ့ပြန်ထားခြင်းတော့မရှိသေးပါဘူး။
.jpg)






comment