1. Home
  2. Movie Stars - Celebrity

Ailee နဲ့ Zico မြောက်ကိုးရီးယားနိုင်ငံ ထိပ်သီးညီလာခံမှာ သွားရောက်ဖျော်ဖြေရမည်

Movie Stars - Celebrity ก.ย. 18, 2561 view 1,528

တောင်ကိုးရီးယား နိုင်ငံမှ တစ်ကိုယ်တော် အမျိုးသမီး အဆိုရှင် Ailee နဲ့ Block B အဖွဲ့ခေါင်းဆောင် Zico တို့ဟာ စက်တင်ဘာလ ၁၈ ရက်နေ့၊ မြောက်ကိုးရီးယားနိုင်ငံ မှာ ပြုလုပ်မည့် ညီလာခံပွဲတွင် မဖြစ်မနေ လာရောက် ဖျော်ဖြေရမည်ဖြစ်ကြောင်း မြောက်ကိုးရီးယား တပ်မတော်မှ အတိအကျ သတင်းထုတ်ပြန် ထားပါတယ်။

၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ သုံးရက် တိုင်တိုင် ကျင်းပမည့် အဆိုပါ ထိပ်သီးညီလာခံကို သွားရောက်ဖျော်ဖြေရမည့် အနုပညာရှင်များစာရင်းကို တောင်ကိုရီးယားသမ္မတရုံးမှ အတွင်းရေးမှူးချုပ် Im Jong Seok က ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ နွေရာသီမှာတုန်းကလဲ အမျိုးသမီး အဆိုရှင်များ ဖြစ်တဲ့ Baek Ji Young ၊ Red Velvet  နဲ့ Girls’ Generation အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Seo Hyun တို့ကိုလည်း မြောက်ကိုးရီးယားရဲ့ ညီလာခံတစ်ခုမှာ ပြုလုပ်တဲ့ “Spring Has Come” ဆိုတဲ့ concert မှာလာရောက်ဖျော်ဖြေဖို့ ဖိတ်ကြားခဲ့ပါသေးတယ်။



Follow us on