1. Home
  2. Movie Stars - Celebrity

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားနဲ့ ရုပ်ရှင်တွဲရိုက်မယ့် မေမြတ်နိုး

Movie Stars - Celebrity ก.ย. 20, 2561 view 1,820

အရပ်ရှည်ရှည်၊ အသားညိုညို ကလေးဆန်ဆန်ချစ်စရာကောင်းတဲ့ရုပ်ရည်လေးနဲ့ အပြစ်ဆိုစရာမရှိအောင်လှပလွန်းသူလေးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် မေမြတ်နိုးကတော့ International မော်ဒယ်တစ်ယောက်လို သွက်လက်ထက်မြတ်ကာ ပြည့်စုံလွန်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကလက်ရှိမှာတော့ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားနဲ့အတူ ရုပ်ရှင်ကားကြီးရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ Production တစ်ခုက ထုတ်လုပ်ရိုက်ကူးမယ့် “Invincible” ရုပ်ရှင်ကားကြီးမှာ မေမြတ်နိုးက ခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ကူးရမှာဖြစ်ပါတယ်။ သူမနဲ့အတူတွဲဖက်သရုပ်ဆောင်မယ့် မင်းသားကတော့ ကမ္ဘာကျော် HollyWood ရုပ်ရှင်မင်းသားဖြစ်တဲ့ Fast & Furious 1 မှာ Leon အဖြစ်သရုပ်ဆောင်ခဲ့သူ Johnny Strong ပဲဖြစ်ပါတယ်။ အမေရိကန်ဒါရိုက်တာ Deniel Zirilli ရိုက်ကူးမှာဖြစ်တဲ့ “Invincible” ရုပ်ရှင်ကားကိုတော့ ထိုင်းနိုင်ငံမှာပဲ ရိုက်ကူးမှာဖြစ်ပြီး Miss Universe Thailand 2016 လဲပါဝင်ထားတယ်လို့သိရပါတယ်။

Action ၊ Drama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ထိုကားရိုက်ကူးဖို့အတွက် မင်းသမီးရွေးချယ်ရာမှာ ထိုင်းမင်းသမီးများကို ကျော်ဖြတ်ကာ သူမရဲ့သာလွန်တဲ့ အရည်အချင်းတွေကြောင့် ခေါင်းဆောင်မင်းသမီးအဖြစ်ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ဟောလိဝုဒ်နာမည်ကျော်မင်းသားနဲ့အတူ ရိုက်ကူးရမှာဖြစ်တဲ့အတွက် မေမြတ်နိုးကတော့ ၀မ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ ပရိသတ်ကြီးလဲ မေမြတ်နိုးအတွက် ၀မ်းသာပျော်ရွှင်မိမယ်လို့ထင်ပါတယ်နော်....

 



Follow us on