1. Home
  2. Special or Others

BTS ကိုရူးသွပ်နေကြတဲ့ ဟောလိဝုဒ် အနုပညာရှင်များ

Special or Others ก.ย. 20, 2561 view 1,829

BTS ဆိုတဲ့ နာမည်ကြီး ကိုးရီးယား အဆိုတော်အဖွဲ့ ဟာ သူတို့ ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေ ပွဲ ကြီး ကို လော့စ်အိန်ဂျလိစ် မြို့မှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲကို ထင်မှတ်မထားတဲ့ နာမည်ကြီး ဟောလိဝုဒ် အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။  

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား မတ်သရူးဒေးဗစ်  ဟာ BTS ရဲ့ ဖျော်ဖြေပွဲကို  တက်ရောက်ခဲ့ပါတယ်။ ဒီလို နာမည်ကြီး မင်းသာ ကတောင် BTS ရဲ့ ပွဲ ကိုတက်ရောက်တဲ့ အတွက် BTS ရဲ့ ပရိတ်သတ်တွေကလဲ အရမ်းကို အံ့သြ ဝမ်းသာဖြစ်ရတယ် လို့ သူတို့ရဲ့ တွစ်တာ စာမျက်နှာမှာ ပြောထားကြပါတယ်။

ပရိတ်သတ်တွေကို ပိုပြီးအံ့သြစေတာကတော့ မတ်သရူး တင် မဟုတ်ပဲ Maze Runner ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချောလေး ဒိုင်လန်အိုဘရီယန် ကလဲ တက်ရောက်လာတာပါပဲ။ ပန်းရောင် နှားခေါင်းအုပ် ကိုတပ်ဆင်ထားတဲ့ ဒိုင်လန် ကို အစကတော့ ပရိတ်သတ်တွေဟာ သတိမပြုမိကြပါဘူး။ နှာခေါင်းအုပ် ကိုချွတ်လိုက်တဲ့အခါမှ ဒိုင်လန် မှန်းသိ တယ်လို့ ဆိုထားပါတယ်။  

ဒါတင်မက နာမည်ကြီး ဒစ်စနေ သရုပ်ဆောင်မင်းသမီး တစ်ဦးဖြစ်တဲ့ မာရီယာ ကာနယ်ဘာရီယာ ဟာလည်း သူမရဲ့ သမီးများနဲ့ BTS concert သွားရောက်ခဲ့တဲ့ အကြောင်းကို သူမရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ (မာရီယာကို ပရိတ်သတ်တွေက ဆယ်လီနာ ဂိုးမက်ဇ် ရဲ့ ဇာတ်ကားထဲက အမေလို့ လဲ တင်စားခေါ်ဝေါ်ကြပါတယ်။)

ဒါထက် ပိုစိတ်ဝင်စားစရာကောင်းတာကတော့ နာမည်ကြီး ရုပ်သံ ပရိုဂျူဆာ တစ်ဦးဖြစ်တဲ့ ဆိုင်မွန်ကိုဝဲလ် ဟာလည်း BTS ရဲ့ ဖျော်ဖြေပွဲကိုတက်ရောက်လာခြင်းပါပဲ။ (ဆိုင်မွန်ကိုဝဲလ် ဟာ X Factor, America’s Got Talent, Britain’s Got Talent နှင့် Pop idols အစရှိတဲ့ နာမည်ကြီး တွီဗွီ အစီအစဉ်များတွင် ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့သော အရေးပါသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။)

 



Follow us on