1. Home
  2. Special or Others

လီဗြောင်ဟွန်းရဲ့ သားလေးကိုမြင်ပြီး ချစ်မဝဖြစ်နေသော ကိုးရီးယားပြည်သူများ

Special or Others ก.ย. 21, 2561 view 1,909

တောင်ကိုးရီးယားနိုင်ငံရှိ နာမည်ကြီးမင်းသား “လီဗြောင်ဟွန်း” နဲ့ မင်းသမီး “လီမင်ဂျောင်း” တို့သာ ၂၀၁၃ ခုနှစ်မှာ အကြင်လင်မယားအဖြစ် လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ ၂၀၁၅ မှာတော့ သူတို့ ရဲ့ သားဦးရတနာလေးကိုဖွားမြင် ခဲ့ပါတယ်။

မင်းသမီး "လီမင်ဂျောင်း"ဟာ သားဖြစ်သူရဲ့ပုံများကို သူမရဲ့ instagram စာမျက်နှာမှာ တင်လေ့ရှိပေမဲ့ မျက်နှာ ကိုလုံးဝမဖော်ပြပဲ တင်ခဲ့ပါတယ်။ ဒါကြောင့် ကိုးရီးယားပြည်သူများက လီ လင်မယားရဲ့ ကလေးက ဘယ်လိုပုံစံရှိတယ်ဆိုတာ မမြင်ဖူးကြပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က လီတို့ဟာ သူတို့ရဲ့သားငယ် “လီဂျွန်ဟူး”ကို

ဘုရားကျောင်းကို ဆုတောင်း ၀တ်ပြုဖို့ ခေါ်သွားပါတယ်။ လီတို့ရဲ့ ကလေးကို ပထမဦးဆုံး မြင်ဖူးတဲ့ ပရိတ်သတ်များက သူတို့ရဲ့လူမှုကွန်ယက် ဝက်ဘ်ဆိုက် များ မှာ ပုံများနှင့်တကွ ကလေးငယ်ဟာ လူချောလေးဖြစ်ကြောင်း အရမ်းကို ချစ်ဖို့ ကောင်းကြောင်း အစရှိသည်တို့ကို ရေးသားခဲ့ကြပါတယ်။

မင်းသားလီဗြောင်ဟွန်းကလဲ သားဖြစ်သူကို ဒီလို ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့ ပရိတ်သတ်များကိုပြောဆိုခဲ့ပါတယ်။

လေးနှစ်အရွယ် လီ တို့ရဲ့ သားဖြစ်သူ    “ဂျွန်ဟူး” ၏ပုံများကို လူမှုကွန်ယက် တွင်တွေ့သော သူများကလဲ

“ကလေးက ထွားလာလိုက်တာ”

“လေးနှစ်ပဲ ရှိသေးတယ် အရပ်ကအရှည်ကြီးပဲ”

“လူချောလေး အဖေနဲ့ပိုတူတယ်” အစရှိတဲ့ ချီးကျူးထောမနာ ပြုတဲ့ ကွန်မန့်များကို မန့်ခဲ့ကြပါတယ်။

 

 



Follow us on