1. Home
  2. Special or Others

နာမည်ကြီး ဒိတ်ဒိတ် ကြဲ အဆိုတော်တွေ ပူးပေါင်းတင်ဆက်ထားတဲ့ The call

Special or Others ก.ย. 21, 2561 view 1,730

မေလ ၄ ရက်နေ့ ၂၀၁၈ ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြား သော ဂီတရုပ်သံလွှင့် ဌာန တစ်ခု ဖြစ်တဲ့ mnet ဟာ The Call ဆိုတဲ့ ဂီတရုပ်သံ အစီအစဉ်တစ်ခုကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူများအနေနဲ့ ဟာသပညာရှင်(comedian) နှစ်ဦးဖြစ်တဲ့ Lee Sang Min နဲ့ Yoo Se Yoon တို့ကပါဝင်ထားကြပြီး ထိုအစီအစဉ်မှာ မတူညီတဲ့ ဂီတအမျိုးအစားတွေကို သီဆိုကြတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြပါတယ်။

ဒီအစီအစဉ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ မတူညီ ကွဲပြားတဲ့ ဂီတ အမျိုးအစား (different genre) ကိုသီဆိုကြတဲ့  နှစ်ဦး (သို့) နှစ်ဦးထက်ပိုသော အဆိုရှင်များကို အသင်းတစ်ခု အနေဖြင့် ဖွဲ့ ထားပြီး တွဲဖက် သီဆို (collaboration) လုပ်ခိုင်းခြင်းဖြစ်ပါတယ်။

တွဲဖက်သီဆိုတဲ့ အဆိုရှင်နှစ်ဦးဟာ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့ပြီး ကြည့်ရှုသူပရိတ်သတ် တွေဆီမှ မဲပေးမှုအများဆုံးရရှိခဲ့လျှင် အကောင်းဆုံးစုံတွဲ (best couple) ဆုကို ရရှိမှာဖြစ်ပါတယ်။

ကြည့်ရှုသူပရိတ်သတ်များက Best couple ဆုအပြင် သူတို့ နောက်တစ်ကြိမ် ဖျော်ဖြေစေချင်တဲ့ စုံတွဲ ကိုလဲ မဲပေးခွင့်ရှိပါသေးတယ်။ နာမည်ကြီးပြီး ပရိုကျတဲ့ အဆိုတော်များဖြစ်တဲ့ Shin Seung Hun, Kim Jong Kook, Wheesung, Ailee, Bewhy, Gummy, Taeil(Block B),UV,Chungha, Loco, Gray, Taemin(Shinee),Jung-in,Eddy Kim, Suran, Hwang Chi Yeol တို့က ပါဝင်ယှဉ်ပြိုင်ထားတာကြောင့်ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်လာပါတယ်။

 



Follow us on