1. Home
  2. Movie Stars - Celebrity

သားဖြစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံနေကြတဲ့ မေသန်းနုနဲ့ စင်ယော်မောင်မောင်

Movie Stars - Celebrity ก.ย. 21, 2561 view 1,765

အကယ်ဒမီဆုများရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီမေသန်းနု နဲ့ အကယ်ဒမီ စင်ယော်မောင်မောင်တို့ကတော့ မသိသူမရှိလောက်အောင် မြန်မာအနုပညာလောကမှာ နာမည်ကြီးကျသူများဖြစ်ပါတယ်။ မေသန်းနုကလဲ သရုပ်ဆောင်လောကမှာ ထူးချွန်ပြောင်မြောက်လွန်းသူတစ်ယောက်ဖြစ်ပြီး စင်ယော်မောင်မောင်ကလဲ အကောင်းဆုံးသောရုပ်ရှင်တွေကို ဖန်တီးနိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ကာ ကိုယ်စီအနုပညာလောကမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်သူများဖြစ်ကြပါတယ်။

လက်ရှိမှာတော့ မေသန်းနုနဲ့ စင်ယောက်မောင်မောင်တို့နှစ်ယောက်ဟာ သားဖြစ်သူ မင်းသန့်မောင်မောင်ရှိရာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သို့ ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။ သားဖြစ်သူရဲ့ Thessis movie ပြပွဲကို တက်ရောက်ဖို့အတွက် ရောက်နေကြတာဖြစ်တယ်လို့လဲ သိရပါတယ်။ ဒါရိုက်တာစင်ယော်မောင်မောင်က သားဖြစ်သူအတွက် ၀မ်းသာဂုဏ်ယူမဆုံးဖြစ်ကာ မိသားစု အမှတ်တရပုံရိပ်လေးတွေကို သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားတာဖြစ်ပါတယ်။ ယခုလို မိသားစု စုစုစည်းစည်းပုံလေးတွေကို မြင်ရတာကြောင့်လဲ ပရိသတ်တွေက ၀မ်းသာပျော်ရွှင်လို့နေကြပါတယ်။ ပရိသတ်တိုင်းချစ်ရတဲ့ မေသန်းနုနဲ့ စင်ယော်မောင်မောင်တို့ မိသားစုသုံးယောက်ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

 



Follow us on