1. Home
  2. Movie Stars - Celebrity

အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို ပြသလိုက်တဲ့ စိုးပြည့်သဇင်

Movie Stars - Celebrity ก.ย. 24, 2561 view 1,697

ရုပ်ရှင်သရုပ်ဆောင်စိုးပြည့်သဇင်ဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အနေအေးပြီး ချစ်စဖွယ်အမူအယာလေးတွေနဲ့ပြည့်နှက်နေတဲ့ စိုးပြည့်သဇင်ကတော့ သူမရဲ့ဖြူစင်အေးချမ်းလွန်းတဲ့ အလှတရားတို့ကြောင့် ပရိသတ်တွေက ချစ်မ၀အောင်ဖြစ်နေရသူလေးပါ။

ပြီးခဲ့တဲ့စက်တင်တာ(၂၂)နေ့က အသက်(၂၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးလေးစိုးပြည့်သဇင်ကတော့ သူမအတွက် ချစ်ရတဲ့ပရိသတ်တွေနဲ့ မိတ်ဆွေ၊ အပေါင်းအသင်းသူငယ်ချင်းတွေကပေးတဲ့ တန်ဖိုးကြီးလက်ဆောင်တွေကိုထုတ်ပြကာ ကျေးဇူးတင်စကားလေးဆိုလိုက်တာပဲဖြစ်ပါတယ်။ ချစ်ရတဲ့သူတွေဆီက မေတ္တာအပြည့်နဲ့ရရှိတဲ့လက်ဆောင်တွေကတော့ သူမအတွက် ဘယ်အရာနဲ့မှအဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးနေမှာတော့အမှန်ပါပဲနော်။

သူမရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်လေးတွေနဲ့အတူ “မွေးနေ့အမှတ်တရလက်ဆောင်ပေးတဲ့ ချစ်တဲ့သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ကျေးဇူးတင်စကားလေးဆိုကာ ရေးသားမျှဝေထားတာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးစိုးပြည့်သဇင်ကတော့ သူမရဲ့မွေးနေ့ရက်မြတ်လေးကို သူမရဲ့ပရိသတ်တွေနဲ့အတူ ကုသိုလ်ပြုမွေးနေ့အလှူလေးလုပ်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရနေ့လေးအဖြစ် ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမချစ်တဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်လျက်ရှိကာ ကြိုးကြိုးစားစားနဲ့ အကောင်းဆုံးလုပ်ဆောင်နေသူလေးလည်းဖြစ်ပါတယ်။

 



Follow us on