1. Home
  2. Movie Stars - Celebrity

ချစ်သူကိုဘယ်လောက်ထိချစ်ကြောင်း ထုတ်ပြောပြလိုက်တဲ့ နန်းဆုရတီစိုး

Movie Stars - Celebrity ก.ย. 25, 2561 view 1,876

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အ၀ရရှိထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲဖြစ်သူ နန်းဆုရတီစိုးနဲ့ ဂျီဖက်တို့စုံတွဲကတော့ တစ်ယောက်ကိုတစ်ယောက် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ချစ်ကြသူတွေဖြစ်ပြီး နားလည်မှု ဖေးမမှုတွေနဲ့ အများကအားကျရတဲ့ Relationship တစ်ခုကို တည်ဆောက်ထားကြသူတွေဖြစ်ပါတယ်။ ပျော်ရွှင်စရာနေ့ရက်တွေကို ဖန်တီးရင်းရှေ့ဆက်နေကြတဲ့ သူတို့အတွဲလေးကတော့ မမနဲ့မောင်လေး အချစ်ရေးရဲ့ စံပြစုံတွဲလေးဆိုလဲမမှားပါဘူး။ နှစ်ယောက်သားက လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေက သဘောတူကြည်ဖြူစွာ သဲသဲလှုပ်ချစ်နေကြရတဲ့ နန်းဆုနဲ့ ဂျီဖက်တို့နှစ်ယောက်ကတော့ အနုပညာဂီတလောကမှာ ကိုယ်စီပရိသတ်တွေကို အခိုင်အမာရရှိပြီးသားသူတွေဖြစ်ပါတယ်။

ချစ်သူရဲ့ ၂၄ နာရီအပြည့်သ၀န်တိုခြင်းခံရတဲ့ မမကြီးနန်းဆုက ယနေ့လေးမှာတော့ ချစ်သူကိုဘယ်လောက်ထိချစ်တဲ့အကြောင်းကို ပရိသတ်တွေဆီ ဖွင့်ဟပြောပြလိုက်ပါတယ်။ ပရိသတ်တွေကတော့ မမကြီးရဲ့မောင်လေးအပေါ်ထားတဲ့အချစ်ကို အားကျဝမ်းသာလို့နေကြပါတယ်။ နန်းဆုတစ်ယောက် ချစ်သူကိုဘယ်လောက်ထိချစ်ကြောင်းကို  “ဘယ်လောက်ချစ်လဲဆိုတော့ မာနတွေသုံးစားလို့မရတော့အောင်ကို ချစ်တယ်” ဆိုကာ မာနတွေကို ခ၀ါချပစ်တဲ့ထိကို ချစ်ကြောင်းရေးသားမျှဝေထားတာဖြစ်ပါတယ်။

ထိုပို့စ်လေးရဲ့အောက်မှာတော့ ချစ်သူဂျီဖက်က “ဒီမနက် အဲ့တော်ကီတစ်ပေါက်ကိုကြွေနေတာ သီချင်းထဲထည့်ရေးပြစ်မယ် အက်လယ့်” ဆိုပြီး ၀င်ရောက် ကောမန့်ပေးကာ နန်းဆုကလဲ “Copy right ရှိပါတယ်နော်” ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်စဖွယ် ကောမန့်လေးတွေရေးသားထားတာကိုလဲ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ရိုနိုင်လွန်းတဲ့ နန်းဆုတို့စုံတွဲလေးကို အားကျလို့နေကြပါတယ်။

 



Follow us on