မနေ့ည က ယှဉ်ပြိုင်ကစားခဲ့တဲ့ကာရာဘောင်း ဖလား ပွဲစဉ်မှာ အိမ်ကွင်းတွင် ယူနိုက်တတ် အသင်း ဟာ ဒါဘီ အသင်းကို ပင်နသီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ခဲ့ပြီး ပြိုင်ပွဲမှစောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ ယူနိုက်တတ် အသင်း ဟာ လူကာကူ၊မာတာ၊ မာရှယ်၊ လင်းဂတ် တို့နဲပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ မာတစ် ဟာရဲ့ယား တို့ ပွဲထွက်လာခဲ့ပါတယ်။ဒါဘီ အသင်းကတော့ ဂိုးသမား စကော့ကာဆန် ၊ ဖော်ဆီ ၊ ဘရိုင်ယန်ဆင် ၊ ကီရို့ ၊ တိုမိုရီ ၊ ၀ီလ်ဆင် ၊ ဂျွန်ဆင် ၊ မာဆွန်မောင့် ၊ ဘန်းနက် ၊ နူးဂျန့် ၊ ဘိုဂဲလ် တို့ကို အသုံးပြု ခဲ့ပါတယ်။
ယူနိုက်တတ် ဟာ ပွဲအစ ၃ မိနစ်မှာတင် ဂျွန် မာတာ ရဲ့အဖွင်ဂိုးရရှိခဲ့ပေမဲ့ ဒုတိယပိုင်း မှာ အစ ၄ မိနစ်မှာ ဟယ်ဝီလ်ဆင်၏ လှပတဲ့ ဖရီးကစ် ဂိုးနဲ့အတူ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ ပွဲချိန်ရဲ့ ၆၇ မိနစ်အရောက်မှာ ယူနိုက်တတ်အသင်း ကစားသမား ရိုမီရို ဟာ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကဒ်ပြခံခဲရပါတယ်။ အဖွင့်ဂိုး စာစီးစွာရရှိ ခဲ့တဲ့ ယူနိုက်တတ်ဟာ အနိုင်ရလဒ်ကို အဆုံးမသတ်နိုင်ခဲတာ ကြောင် ပွဲချိန် ၈၅ မိနစ်အရောက်မှာ ဒါဘီအသင်း ရဲ့ လူစားဝင် ကစားသမား ဂျက်မာရီရော့ ၏သွင်းဂိုးဖြင့် ဦးဆောင်ခြင်း ခံခဲ့ရပြီး ပြီးခါနီး အချိန်ပိုမိနစ် မှာဒါ့လော၏ ဖြတ်တင်ပေးပို့မှု မှတဆင့် ဖင်လိုင်နီ ကခေါင်းတိုက်သွင်းယူပေးခဲပြီး ၂ - ၂ ရလဒ်ဖြင့်သရေကျ သွားခဲ့ကြောင့် ပင်နသီ အဆုံးအဖြတ်ခံယူရာ ဒါဘီအသင်းက ၇ - ၈ ဂိုးဆိုတဲ့ ရလဒ်ဖြင့် နောက်တစ်ဆင့်ကိုတတ်ရောက်သွားခဲ့ပါတယ်။
ဒါဘီနည်းပြ ဖရန့်လမ်းပတ်ဟာ နည်းပြဘဝ အစမှာတင် ယူနိုက်တတ်အသင်း နှင့် မော်ရင်ဟို ကိုအနိုင်ရရှိတဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
Man of the match: Harry Wilson
ပင်နသီကန်သွင်းကြသူများ
ယူနိုက်တက် –
လူကာကူ (ဂိုး)
ယန်း (ဂိုး)
ဖယ်လိုင်နီ (ဂိုး)
ဖရက် (ဂိုး)
မာရှယ် (ဂိုး)
မာတစ် (ဂိုး)
ဖီးလ်ဂျုံ (X)
ဒါဘီ –
မာဆွန် မောင့် (ဂိုး)
ဂျိုဇီဇွန် (ဂိုး)
ဟယ်ရီ ၀ီလ်ဆင် (ဂိုး)
မာရီရော့ (ဂိုး)
ဂျွန်ဆင် (ဂိုး)
ဘရိုင်ယန်ဆင် (ဂိုး)
ဖော်ဆီ (ဂိုး)
ကီရို့ (ဂိုး)
မနေ့ညက ယှဉ်ပြိုင်ခဲ့ကြသည့် ကာရာဘောင်း ဖလား ပွဲစဉ်ရလဒ်များ