1. Home
  2. Special or Others

သူမကိုယ်ပိုင် fandom name ကိုကြေငြာခဲ့တဲ့ Tiffany

Special or Others ก.ย. 26, 2561 view 1,511

ယခင် Girls’  Generation အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ Tiffany ဟာ  ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀၁၇ ခုနှစ်မှာ SM Entertainment နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အဖွဲ့မှ ထွက်ကာ တစ်ကိုယ်တော် အမျိုးသမီး အဆိုတော် တစ်ဦးအနေနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။

သူမဟာ sone  များရဲ့ ရင်ထဲမှာတော့ Girls’ Generation ရဲ့ Tiffany ပါပဲတဲ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မှာ Tiffany က သူမရဲ့ ပရိတ်သတ်များ နဲ့ တွေ့ ဆုံပွဲလုပ်ခဲ့ပါတယ်။

 “ကျွန်မ အခုဆိုရင် တစ်ကိုယ်တော် အဆိုတော်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကျွန်မတစ်ဦးတည်းရဲ့ ပရိတ်သတ်တွေကိုလဲ နာမည်လေးတစ်ခု ပေးချင်ပါတယ်။ စဉ်းစားထားတာလဲ ကြာပါပြီ၊ အဲ့တာကတော့ Young One ပါ” ဆိုပြီး သူမရဲ့ ပရိတ်သတ်များကို အသိပေးကြေငြာခဲ့ပါတယ်။

သူမရဲ့ အင်္ဂလိပ် နာမည်ဖြစ်တဲ့ Tiffany Young ဆိုတဲ့ နာမည် ကိုမှီငြမ်းပြီး ‘Yong One’ ဆိုပြီး နာမည်ပေ့းဖြစ်ခဲ့တာပါ။

“ကျွန်မရဲ့ Young One  တွေက Sone တွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ Sone တွေကလဲ Young One ဖြစ်ပြီး Young One ကလဲ Sone တွေဖြစ်ပါတယ်။ အားလုံး တစ်သားတည်းပါပဲ”လို့ ပြောကြားထားပါတယ်။

Sone တွေကိုရော Young One တွေရော အကုန်လုံးကိုချစ်ပါတယ် လို့လဲ ပြောကြားထားပါတယ်။

 



Follow us on