1. Home
  2. Movie Stars - Celebrity

Kelvin Kate (အောင်သူလွင်) အကြောင်းဖွင့်ချလိုက်တဲ့ ဇနီး

Movie Stars - Celebrity ก.ย. 26, 2561 view 3,073

ဟာသ သရုပ်ဆောင်အဖြစ် လူသိများလှပြီး လူချစ်လူခင် ပေါများတဲ့ Kelvin Kate ( အောင်သူလွင် ) ဟာ ကလေးနဲ့ ဇနီး ရှိတယ် ဆိုပြီး သတင်းအစအန ထွက်နေခဲ့ ပါတယ် ။ ဒီတခါမှာတော့ အောင်သူလွင်ရဲ့ ဇနီးလို့ ယူဆရတဲ့ ပိုးအိ က Kelvin Kate ရဲ့ အကြောင်းတွေကို ဖွင့်ချလိုက်ပါပြီ ။

" ကလေးငယ်လေး နဲ့ ညသန်းခေါင် 
၂ နာရီမှ အိမ် ပြန် ခဲ့ရတယ် အိမ်ထိခေါ်ပြီး
အပြစ်မရှိ အပြစ်ရှာတဲ့ ယောက္ခမနဲ့ ယောက်ျား 
ဝဋ်လည် ဦးမှာပါ တရားရုံးကနေ စကား ပြောမယ်

ယောကျာ်းဆိုတာ နာတယ် မရှိဘူး ကြိုက်တဲ့သူ 
ယူ လို့ ရတယ် တဲ့ အယုတ် တမာစကားတွေ 
တအား ဆိုး ကြတာ မျိုး ဘဝမှာမမြင်ဖူးလို့ 
ချွေးမကိုကျွန် လို နှိမ်ချင်တယ် ကားပေါ်တင် 
မစီးရဘူးထမင်း အတူတူ မစား ရဘူး အပြင် 
ခေါ် မသွားရဘူး စကား ပြော ရင် အပေါ် စီးက 
လူထဲကို ထုတ် မပြချင် ဘူး သူသား က လူပျို တဲ့ 
ငါကတရားဝင် လက်ထပ် ထားတဲ့ မိန်းမ ပါ
ပြော လိုက် ရင် လင်မယား ကြားထဲ အမြဲ ပါတယ် 
ချုပ်ကိုင် ထားကြချင်တာ အံသြ လွန်းလို့ 
ငါ့ ကို တအား စော် ကား ကြတာတွေ 
သားအမိ နှစ်ယောက်ပေါင်းပြီးဝဋ်လည် ပါစေ

ငါ့ မိဘ အရှက်မရအောင် ငါကလေးကြောင့် 
နင်တို့နဲ့ သီးခံ ပြီး နေခဲ့တယ် 
ပိုက်ဆံ မရှိလို့ဆိုပြီး ယူပြီးကတည်းက ဘာတာဝန်မှ 
မယူ ခဲ့တာတွေ ကလေးမွေးတော့တစ်ခါ ရှင်းပေးပြီး 
ကျန်တာ အကုန် အစ အဆုံး ဒီနေ့အထိတာဝန် 
ယူခဲ့တာငါ့အိမ်ကပါ

ကလေး စရိတ် တစ်လ ၁သိန်း ပေးမယ် မကျေ နပ်ရင် 
သေလိုက်ပါ တဲ့ တစ်လတစ်သိန်း လောက်တော့ 
သူတောင်းစားကိုပေးလိုက်ပါ အောင်သူလွင်

အိမ်မက် ထဲတောင် မမက်ဖူးဘူး နင်တို့လို 
ကလိမ်ကကျစ် အယုတ်တမာ သူတော်ကောင်း
ယောင် ဆောင်နေတဲ့ဟာတွေနဲ့ ပတ်သတ် 
ရလိမ့်မယ်လို့

ငါ့မိဘ က အခုထိ အမြဲ အရာရာ လုပ်ပေး နေတာ 
မင်းသမီး လုပ်မှာလား အိမ်ထောင်ရှင် လို နေမှာလား
ဆိုတော့ အိမ်ထောင် ကျ ပြီး စုတ်ပြတ် နေရတဲ့ 
ဘဝမှာနေရမှာလား အပြစ်ကို အမြဲထိုင်ရှာ နှိပ်စက်
နေကြတာ

နင် ဖောက် ပြန်နေတာတွေ နင် မိဘဆုံးမခဲ့လား 
အောင်သူလွင် အရမ်း အောက်တန်းကျပြီး ယုတ်မာတဲ့ 
ယောကျာ်းပါ တစ်နေ့ လူတိုင်း သိစေရမယ် "

လို့ အောင်သူလွင်ရဲ့ ဇနီးပိုးအိက ရင်ဖွင့်ထားတာ
တွေ့ရပါတယ် သူတို့နှစ်ဦးရဲ့ ရင်သွေး သားလေးကိုတော့ 
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က မွေးဖွားခဲ့တယ်လို့ သိရပါတယ်

 Crd: Oasis Journal 

 



Follow us on