1. Home
  2. Special or Others

ရိုက်ကူးရေးအတွက် စပိန် နိုင်ငံသို့ သွားရောက်ခဲ့ကြတဲ့ ပတ်ရှင်ဟေး နဲ့ ဟွန်းဘင်း

Special or Others ก.ย. 26, 2561 view 2,198

သရုပ်ဆောင်မင်းသား ဟွန်းဘင်းနဲ့ မင်းသမီး ပတ်ရှင်ဟေးတို့ဟာ ၁၂ လပိုင်း ပထမအပတ်မှာ စတင်ထုတ်လွှင့်မယ့် ဇာတ်ကားအတွက် စပိန်နိုင်ငံ တောင်ပိုင်းတွင်ရှိသော ဂရန်နာဒါ မြို့သို့ (Granada) ရိုက်ကူးရေး ပြုလုပ်ရန် သွားရောက်ခဲ့ကြပါတယ်။

ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ နာမည်ကတော့ Memories of the Alhambra ဖြစ်ပါတယ်။

ဇာတ်လမ်းအရ ယူဂျင်ဝူးတစ်ဖြစ်လဲ ဟွန်းဘင်းဟာ ဂိမ်း(game) ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပါတယ်။ သူဟာစပိန် နိုင်ငံ ဂရန်နာဒါ မြို့ သို့ စီးပွားရေးလုပ်ငန်းတစ်ခုကို ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် သွားရောက်ရင်း ဂရန်နာဒါရဲ့ နာမည်ကြီးလူသိများ ပေါ်ပြူလာဖြစ်တဲ့ အာလ်ဟန်ဘရာနန်းတော်သို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အာလ်ဟန်ဘရာ နန်းတော်မှာ ဂျောင်ဟီးဂျူးတစ်ဖြစ်လဲ မင်းသမီး ပတ်ရှင်ဟေးနဲ့ တွေ့ဆုံပြီး ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်နော်။

Memories of the Alhambra ရဲ့ ဇာတ်ညွှန်းရေးဆရာမ ဆောင်းဂျယ်ဂျောင်း ဟာ ဆိုရင် W-Two Worlds, Queen In-hyun’s Man ,Nine နဲ့ Three Musketters (သူရဲကောင်းသုံးဖော်) အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲများရဲ့ ဖန်တီးသူတစ်ဦးဖြစ်ပါတယ်။့

မင်းသမီး ပတ်ရှင်ဟေး ဟာဆိုရင် Tree of heaven(အချစ်သစ်ပင်) ,You’re beautiful(အိန်ဂျယ်ချစ်သူ), HeartStrings (အချစ်ကြိုး), The heirs(ရွှေပေလွှာထက်က ချစ်သက်သေ), Pinocchio, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ဆိုရင်လဲမမှားပါဘူး။

မင်းသား ဟန်ဘင်းကတော့ Snow Queen (နှင်းဧကရီ) ,Secret Garden (လျှို့ ဝှက်ဥယာဉ်), Hyde Jekyll  and Me အစရှိတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီး လူကြိုက်များတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

ဒီလိုနာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ရေးထားတဲ့ ဇာတ်ညွှန်းကို နာမည်ကြီးမင်းသား မင်းသမီးတို့က ပါဝင်သရုပ်ဆောင်ထားတဲ့ Memories of Alhambra ကိုစိတ်ဝင်စားသူ တွေကလဲ အများအပြားရှိလို့နေပါတယ်။



Follow us on